

Seven Snipers
ThrillerAction
Director: Sandra Sciberras
"She escaped her past. It hunted her down."
Seven Snipers (2026)
++++++++++
အက်ရှင်နဲ့ Thriller အကြမ်းစားကားတွေကို သဘောကျတဲ့သူတွေအတွက် Well Go USA ကနေ အသစ်ထွက်ရှိထားတဲ့
Seven Snipers ဇာတ်ကားလေး တင်ပေးထားပါတယ်။
ဇာတ်လမ်းအကျဉ်း
++++++++++
ဇာတ်လမ်းကတော့ ကရစ် (Kris) လို့ခေါ်တဲ့ အငြိမ်းစား စနိုက်ပါသမား အမျိုးသမီးကြီးဟာ သြစတြေးလျက လူသူအရောက်အပေါက်နည်းတဲ့
ခြံကြီးတစ်ခုမှာ သူ့ရဲ့ဆယ်ကျော်သက်သမီးလေး အန်ဂျာ (Anja) နဲ့အတူ အေးအေးချမ်းချမ်း ပုန်းအောင်းနေထိုင်နေတာကနေ စထားတယ်။
ဒါပေမဲ့ သူ့ရဲ့အတိတ်က "The Dragon" လို့ခေါ်တဲ့ ရက်စက်တဲ့ စစ်ဘုရင်ကြီးက သူ့ကိုရှာတွေ့သွားပြီး လက်စားချေဖို့
ရောက်လာတဲ့အခါမှာတော့ အေးချမ်းနေတဲ့ဘဝလေး ပျက်စီးသွားပါတော့တယ်။
အစွမ်းထက်တဲ့ The Dragon ရဲ့ ရန်ကနေ ကိုယ့်မိသားစုကို ကာကွယ်ဖို့အတွက် ကရစ်တစ်ယောက်တည်း မတတ်နိုင်တော့လို့ သူ့ရဲ့အရင်က
အဖွဲ့သားတွေဖြစ်တဲ့ ထိပ်တန်း စနိုက်ပါသမားတွေကို အကူအညီလှမ်းတောင်းပြီး ဒီအန္တရာယ်ကနေ ရုန်းထွက်ဖို့ ကြိုးစားရပါတော့တယ်။
သေမင်းတမန် စနိုက်ပါသမားတွေအချင်းချင်း အပြန်အလှန် ချောင်းမြောင်းပစ်ခတ်ကြမယ့် အမိုက်စား ရှင်သန်ရေးတိုက်ပွဲကို မြင်တွေ့ရမှာပါ။
ပါဝင်တဲ့ သရုပ်ဆောင်တွေ
ခေါင်းဆောင်မင်းသမီး ကရစ် နေရာမှာ Radha Mitchell က သရုပ်ဆောင်ထားပြီး၊ ဗီလိန် The Dragon နေရာမှာတော့ ပရိသတ်တွေ
ရင်းနှီးပြီးသားဖြစ်တဲ့ အော်စကာဆန်ခါတင်စာရင်းဝင် မင်းသားကြီး Tim Roth က ကြက်သီးထစရာကောင်းလောက်အောင် သရုပ်ဆောင်ထားပါတယ်။
ဒါ့အပြင် Ioan Gruffudd နဲ့ Ryan Kwanten တို့လည်း ပါဝင်အားဖြည့်ထားကြပါတယ်။
ဒါရိုက်တာ ကတော့ Sandra Sciberras ပါ။
ဒီကားက ဘယ်သူက ဘယ်လိုရည်ရွယ်ချက်နဲ့ လာသတ်တာလဲ ဆိုတဲ့ လျှို့ဝှက်ချက်တွေနဲ့ Thriller ဆန်ဆန် ရင်တမမ ကြည့်ရမယ့်ကားမျိုးပါ။
အက်ရှင်အခန်းတွေကလည်း တော်တော်လေးမိုက်သလို၊ သြစတြေးလျက ရှုခင်းတွေကလည်း ဇာတ်ကားကို ပိုပြီးအသက်ဝင်စေပါတယ်။
စနိုက်ပါသမားတွေရဲ့ အားပြိုင်မှု၊ ခြုံခိုတိုက်ခိုက်မှုတွေနဲ့ Action / Survival ကြိုက်တဲ့သူတွေအတွက် အပျင်းပြေကြည့်ဖို့ အရမ်းကောင်းတဲ့
ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
ထိုင်ခုံကနေ မထချင်လောက်အောင် ဆွဲဆောင်နိုင်တဲ့ ပစ်ခတ်မှုအခန်းတွေကိုတော့ အားရပါးရ မြင်တွေ့ရမှာပါ။
File Size… (1.66GB) / (926MB)
Quality… WEB-DL 1080p HEVC / 720p
Format…mkv / mp4
Duration…1h 27m
Genre ….Action , Thriller
Subtitle….Myanmar Subtitle (Hard Sub)
Download Links
WEB-DL1080p1.66GB
⌄WEB-DL720p926MB
⌄