April X (2026)

Genres: Drama · Thriller · Action · Science Fiction
April X [2026] လူတစ်ယောက်ရဲ့ အိပ်မက်နဲ့မှတ်ညဏ်တွေကိုအသုံးချပြီးHuman Clone လုပ်ပြီးပုံစံတူပွားထားတဲ့ လူတွေကိုလိင်ဖျော်ဖြေရေးအနေနဲ့အသုံးချတယ့်စိတ်ကူးယဥ် သိပ္ပံဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဥ်း ဆိုဗီယက်ခေတ်လွန် အရင်းရှင်စနစ်ကြီးစိုးနေတဲ့အနာဂတ်ကာလမြို့ပြကြီးတစ်ခုရဲ့ အောက်ခြေလောကမှာ ဘက်ဆိုတဲ့လူငယ်တစ်ယောက်ဟာမှောင်ခိုကိုယ်တွင်းအင်္ဂါရောင်းဝယ်ဖောက်ကားတဲ့ အန္တရာယ်များလှတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေရင်း သူ့အမွှာညီမဖြစ်တဲ့အေပရယ်ရဲ့ အိမ်မှာကပ်နေတာပါ။ ဒါပေမယ့် သူတို့တစ်ရက်ရောင်းလိုက်တော့ နှလုံးတစ်ခုကပြဿနာတက်ပြီး အစားထိုးကုတဲ့ လူတစ်ယောက်သေသွားပါတော့တယ်။ အဲဒီကနေ ပိုက်ဆံတွေကိုပြန်ပေးရမယ့် အခြေအနေဖြစ်လာပြီး သူ့ညီမဘဏ်အကောင့်ထဲက ပိုက်ဆံတွေအကုန် သုံးလိုက်ပါတော့တယ်။ ဒါတောင်အကြွေးကမကြေဘဲ ကျန်သေးတာမလို့ သူ့ညီမက အိပ်မက်တွေကိုမှတ်တမ်းတင်သိမ်းဆည်းနိုင်တဲ့ ထူးခြားဆန်းကြယ်ပြီး တန်ဖိုးမဖြတ်နိုင်တဲ့စွမ်းရည်ကို အသုံးချပြီး ပိုက်ဆံရှာဖို့ကြိုးစားရင်း ပျောက်ဆုံးသွားပါတော့တယ်။ အေပရယ်ရဲ့ ဒီထူးခြားတဲ့စွမ်းရည်ကို အသုံးချပြီး အကျိုးအမြတ်ထုတ်ဖို့ကြိုးစားနေကြတဲ့ အောက်ခြေရာဇဝတ်ဂိုဏ်းတွေ သြဇာကြီးအဖွဲ့အစည်းတွေရဲ့ကြားထဲ ညီမဖြစ်သူကို အသက်ရှင်လျက်ပြန်လည်ရှာဖွေ ကယ်တင်နိုင်ဖို့အတွက် ဘက်တစ်ယောက် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ အကြမ်းဖက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အမှောင်ကမ္ဘာထဲကို ဘယ်လိုအခက်အခဲတွေကြားကနေ ထိုးဖောက်ဝင်ရောက်သွားမလဲ ဆိုတာ ကြည့်ရှုရမယ့် Sci-Fi Thriller ကားကောင်းတစ်ကားမလို့ ဆက်လက်ကြည့်ရှုလိုက်ပါတော့ဗျာ။ File Size… (996MB) / (628MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 36m Genre …Action , Drama , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub)