Mrigaya 1.5: The Hunt Continues (2026)

Genres: Thriller · Crime · Action
Mrigaya 1.5:The Hunt Continues (2026) အမဲလိုက်ပွဲ ဒီဇာတ်ကားကတော့ ၂၀၂၅ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Mrigaya: The Hunt ရဲ့ အဆက် ဘင်္ဂါလီ မှုခင်းသည်းထိတ်ရင်ဖို ဇာတ်ကားပဲ ဖြစ်ပါတယ်။ ကာလကတ္တားမြို့မှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မှုခင်းတစ်ခု ဖြစ်ပွားရာကနေ တစ်မြို့လုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ပါတယ်။ ဒီအမှုကို ရဲအရာရှိ OC ဒေဘန်ဂျန်ဒွတ်တာ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ကိုင်တွယ်စစ်ဆေး ရပါတော့တယ်။အစပိုင်းမှာ သာမန်မှုခင်းတစ်ခုလို့ ထင်ရပေမဲ့ အမှုကို ခြေရာခံလိုက်ရင်း နက်ရှိုင်းလာတာနဲ့ အမျှ နောက်ကွယ်မှာ နည်းပညာကျွမ်းကျင်တဲ့ ဆယ်ကျော်သက် ရာဇဝတ်ဂိုဏ်းတစ်ခုနဲ့ ကြီးမားတဲ့ ကွန်ရက် တစ်ခု ရှိနေတာကို ဖော်ထုတ်တွေ့ရှိလာရပါတယ်။ အတွေ့အကြုံရင့် ရဲတပ်ဖွဲ့ဝင်တွေရဲ့စုံစမ်းစစ်ဆေးရေး နည်းလမ်းတွေနဲ့ ဒစ်ဂျစ်တယ်နည်းပညာကို ကျွမ်းကျင်စွာ အသုံးချတတ်တဲ့ မျိုးဆက်သစ် တရားခံတွေကြားက ဉာဏ်ရည်ချင်းယှဉ်ပြိုင်မှုတွေ၊ အပြင်းအထန် လိုက်လံ ဖမ်းဆီးပုံတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်လို့ မှုခင်းဇာတ်ကားကောင်းကြိုက်သူတွေ အတွက် လက်မလွှတ်ပဲကြည့်သင့်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ File size… 1.65 GB / 1GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration…. 1h 54m Subtitle….Myanmar Subtitle (Hard Sub)