Cult (2026)

Cult

Genres: Horror · Thriller · Action

Cult (2026) လူသုံးရာကျော်ပိတ်မိနေတဲ့ Squid Game ကစားပွဲကြီး (‌ေ-သွးထွက်သံယိုခန်းများနှင့် ကြောက်မက်ဖွယ်ရာ‌ေ-သဆုံးပုံများ ပါဝင်သည့်အတွက် အသည်းငယ်သူများ ကြည့်ရှုရန် မသင့်တော်ပါ) ရိုမန့်ဇာတ်ညွှန်းရေးကြတဲ့သူငယ်ချင်း သုံးယောက်ကို သူတို့ရဲ့ ဒါရိုက်တာကြီးက သည်းထိပ်ရင်ဖို ဇာတ်အိမ် ပြောင်းလဲရေးသားဖို့အတွက် ငွေ ၁၀သိန်းပေးပြီး တစ်နယ်တစ်ကျေးဆီ စေလွှတ်ခဲ့တယ်။ လက်ထဲငွေရှိတော့ စိတ်ကြိုက်ပျော်ပါးမယ်ဆိုပြီး ကလပ်တက် ဘားသွားဖို့ စိတ်ကူးရခဲ့တယ်ပေါ့။ ကလပ်ထဲမှာ ငွေရှင်းတော့မှ ဒီပိုက်ဆံတွေက အတုတွေဖြစ်နေပါလေရော။ ဒီလိုနဲ့ ခွေးပြေး ဝက်ပြေး ထွက်ပြေးခဲ့ပြီး သူငယ်ချင်းတစ်ယောက်ရဲ့ ဖိတ်ကြားမှုနဲ့ နောက်ထပ် ကလပ်ဆီ ရောက်သွားခဲ့တယ်။ သူတို့မသိလိုက်တာက ဒီကလပ်ဟာ ‌ေ-သမင်းတံခါးပေါက် ဖြစ်နေတာပါပဲ။ အရှိန်ကောင်း နေကြတဲ့ လူငယ်တွေကို ဖန်သားပြင်ကနေ တစ်ဆင့် ဂိမ်းဆော့ခိုင်းပြီး ရှုံးတာနဲ့ မရှုမလှ ‌ေ-သပွဲဝင်ရတဲ့အခါ...။ ထွက်ပြေးဖို့လုပ်တော့လည်း လေးဘက်လေးတန်မှာ အပြင်းစားဗုံးတွေတပ်ဆင်ထားပြီး အပြင်းဆုံးလျှပ်စစ်ဓာတ်တွေပါ ထုတ်လွှတ်ထားပါသေးတယ်။ ဒီလူအုပ်ကြားထဲမှာ ပြည်ထဲရေးဝန်ကြီးရဲ့သားကပါ မွေးနေ့ပွဲအတွက်ရောက်နေတော့ အပြင်ကရဲတွေအတွက်လည်း ဖိအားများရတဲ့ အနေအထားရောက် လာပါတော့တယ်။ ကဲ နောက်ပိုင်း ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ File size… 2.5 GB / 1.6 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration…. 2h 42m Subtitle….Myanmar Subtitle (Hard Sub)

You May Also Like