Living Hell (2008)

Living Hell

Genres: Horror · Thriller · Action · Science Fiction · TV Movie

Living Hell (2008) ဖရန့်ခ် ဆီးယားစ်ဆိုတဲ့ ကောင်လေးဟာ သူငယ်စဉ်အချိန်မှာ သူ့အမေက သူ့လက်ပေါ်မှာ မြေအောက်အထပ် ၃ အခန်း ၁၂ ဆိုတဲ့ စာလုံးတချို့ကို ဓားနဲ့ မွန်းပြီး အဲဒီအခန်းရှိတဲ့ စစ်ဘက်ဆိုင်ရာ ခံတပ်တစ်ခုမှာရှိတဲ့ အရာတစ်ခု မနိုးထလာအောင် တာဆီးရမယ်ဆိုတာကို လုံးဝမမေ့ဖို့ ကတိပေးခဲ့ပါတယ်။ အခုဆိုရင် ဇရန့်ဟာ ကျောင်းဆရာတစ်ယောက်ဖြစ်နေပြီဆိုပေမဲ့ အဲဒီအဖြစ်အပျက်က သူ့တစ်သက်လုံး ခြောက်လှန့်နေခဲ့ပါတယ်။ ဒါကြောင့် သူဟာ အဲဒီအကြောက်တရားကို ကျော်လွန်ချင်တဲ့အတွက် သူ့အမေပြောခဲ့တဲ့ ခံတပ်ကို သွားခဲ့ပါတယ်။ အဲဒီခံတပ်ကိုရောက်တဲ့အခါမှာ သူက စစ်အရာရှိတွေနဲ့ သိပ္ပံပညာရှင်တွေကို တွေ့လိုက်ရပြီး သူအမေပြောခဲ့တဲ့အတိုင်း အဲဒီအခန်းမှာ ရှိတဲ့အရာကို သွားမနှောင့်ယှက်ဖို့ သတိပေးခဲ့ပါတယ်။ ဖြစ်ချင်တော့ သူသတိပေးမှ အဲဒီသိပ္ပံပညာရှင်တွေက အဲဒီအခန်းက နောက်တစ်ခါ ပိုက်စိပ်တိုက် ရှာဖွေလိုက်တဲ့အခါမှာ အလုံပိတ်ထားတဲ့ သေတ္တာလိုအရာတစ်ခုကို တွေ့ရှိခဲ့ပြီး အဲဒါကို ဖွင့်ဖို့ ကြိုးစားပါတော့တယ်။ ဒီတော့ အဲဒီအလုံပိတ်သေတ္တာကို ဖွင့်လိုက်တဲ့အခါ ဘယ်လိုအရာ ထွက်ပေါ်လာမလဲ၊ ဖရန့်ခ်အမေက သူ့လက်ကို ဓားနဲ့မွန်းပြီး သတိပေးရလောက်တဲ့အထိ အဲဒီအရာကို ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။

You May Also Like