The Last Temptation of Becky (2026)

The Last Temptation of Becky

Genres: Horror · Thriller · Action

The Last Temptation of Becky [2026] IMDb Rating (5.9) / Rotten Tomatoes (76%) ဒါရိုက်တာ Jenn Wexler ရိုက်ကူးပြီး မင်းသမီး Lulu Wilson က အဓိကဇာတ်ကောင် ဘက်ကီဟူးပါးအဖြစ် တစ်ကျော့ပြန်ပါဝင်သရုပ်ဆောင်ထားတဲ့"The Last Temptation of Becky" (2026) ဟာ Becky ရုပ်ရှင်သုံးကားတွဲရဲ့နောက်ဆုံးဇာတ်သိမ်းပိုင်း အက်ရှင်-သည်းထိတ်ရင်ဖိုရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ The Wrath of Becky (2023) အဖြစ်အပျက်တွေပြီးဆုံးသွားတဲ့နောက်မှာတော့ အရင်က တစ်ကိုယ်တော်လက်စားချေတတ်တဲ့ဆယ်ကျော်သက်မလေး ဘက်ကီတစ်ယောက် အခုအခါမှာ CIA ရဲ့ကွင်းဆင်းအေးဂျင့်တစ်ဦးဖြစ်နေပါပြီ။ သူ့ရဲ့အထူးလျှို့ဝှက်တာဝန်အသစ်ကတော့ ပိုလန်နိုင်ငံမှာရှိတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက အဒေါ့ဖ်ဟစ်တလာရဲ့ဘန်ကာဟောင်းတစ်ခုဖြစ်တဲ့ The Wolf's Lair မှာ ခရီးသွားတည်းခိုခန်းဖွင့်လှစ်လုပ်ကိုင်နေတဲ့မိသားစုတစ်စုကြားထဲကို အသွင်ယူဝင်ရောက်စုံစမ်းဖို့ပါပဲ။ ဒါပေမဲ့ စုံစမ်းမှုတွေလုပ်ရင်းနဲ့ အဲဒီမိသားစုရဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်ကြီးဗီလ်ဟမ်းရု့စ်ဟာ ကမ္ဘာကြီးကို တစ်ဖန်ပြန်လည်လွှမ်းမိုးဖို့အတွက် စတုတ္ထမြောက်အင်ပါယာကို ပြန်လည်အသက်သွင်းဖို့ လျှို့ဝှက်ကြံစည်နေမှန်း ဘက်ကီတစ်ယောက် သိရှိသွားပါတော့တယ်။ အဲဒီအမှန်တရားကိုသိလိုက်ရချိန်မှာတော့ ဘက်ကီဟာ CIA ရဲ့စည်းကမ်းထိန်းချုပ်မှုတွေအားလုံးကို ဘေးဖယ်လိုက်ပြီး သူ့ရဲ့မူလဗီဇအတိုင်း ရက်စက်ကြမ်းကြုတ်တဲ့တစ်ကိုယ်တော်သွေးထွက်သံယိုစစ်ဆင်ရေးကြီးကိုစတင်ကာ ဗိုလ်ချုပ်ကြီးရု့စ်ရဲ့အကြံအစည်တွေကို ဘယ်လိုအမြစ်ဖြတ်တားဆီးသွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Becky ရုပ်ရှင်သုံးကားတွဲရဲ့နောက်ဆုံးဇာတ်သိမ်းပိုင်းဖြစ်ပြီး ဟာသနှောထားတဲ့ ကြမ်းတမ်းရက်စက်တဲ့အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့သရုပ်ဆောင်တွေရဲ့အပေးအယူမျှမှုတွေကြောင့် Rotten Tomatoes မှာ၇၆ ရာခိုင်နှုန်းရရှိထား…

You May Also Like