Death Proof (2007)

Death Proof (2007) IMDb Rating (7.0) / Rotten Tomatoes (67%) ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့ 6 ကားမြောက် slasher အမျိုးအစား ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ သွေးထွက်သံယို ဒါရိုက်တာကြီး Tarantino ကတော့ ဒီကားကို သူရိုက်ဖူးသမျှ ကားတွေထဲမှာ အစုတ်ပြတ်ဆုံးပဲလို့ ပေါ်တင် ကြေညာခဲ့တယ်။ ဒါပေမယ့် ရုပ်ရှင်ဝေဖန်ရေးဆရာ တော်တော်များများကတော့ ဒီကားဟာ Tarantino ရိုက်သမျှ ကားတွေထဲမှာ အကောင်းဆုံးတစ်ကားလို့တောင် ဆိုနိုင်တယ်လို့ ပြောတဲ့သူက ပြောကြတယ်။ တချို့ကျတောပလည်း အကောင်းဆုံးမဟုတ်တောင် တော်တော် ကောင်းတဲ့ ကား ဖြစ်တယ်လို့ ချီးကျူးကြတယ်။ ဒီကားက Tarantino ရိုက်သမျှကားတွေထဲမှာ အရိုးရှင်းဆုံး နဲ့ linear အတိုင်းသွားတဲ့ (အတိတ်ရောက်သွားလိုက် အနာဂတ်ရောက်သွားလိုက် မလုပ်တဲ့) တစ်ကားတည်းသော ကားပါ။ ဒီကားအကြောင်းပြောမယ်ဆို အရင်ဆုံး ပြောရမှာက ဒီကားမှာ အဓိက တွေ့ရမယ့် စတန့်မန်းဘဲကြီးရဲ့ character အကြောင်းပါ။ ဒီဘဲက ကျွန်တော့်အဖို့တော့ ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲမှာ တော်တော်ကြမ်းပြီး တော်တော် ကြောက်စရာကောင်းတဲ့ ဆိုက်ကို ဘဲကြီးပါပဲ။ သူ့ရုပ်က ပြုံးစိ ပြုံးစိနဲ့ မခုတ်တတ်တဲ့ကြောင်လေးလို ရပ်ကွက်ထဲက သဘောကောင်းတဲ့ အဘိုးကြီးလို ရုပ်မျိုး။ တကယ်က လူတစ်ယောက်ကို ကြက်ကလေး ငှက်ကလေး လို ချက်ချင်း သတ်ပစ်ရဲတဲ့ အူကြောင်ကြောင် ဆိုက်ကို ကောင်ကြီး။ သူ အူကြောင်ကြောင် ဆိုက်ကိုဖောက်တဲ့ ပုံစံက တခြားသူတွေနဲ့ မတူဘူူး။ ဘယ်သူမှ လုံးဝ မထင်ထားတဲ့အချိန်မှာ ဘယ်သူမှ မထင်ထားတဲ့ နည်းလမ်းမျိုးနဲ့ အုံးခနဲဒိုင်းခနဲ ဆိုက်ကိုဖောက်တာ။ ဒီရုပ်ရှင်ကို နှစ်ပိုင်းခွဲပြီး မြင်လို့ရတယ်။ ပထမ တစ်ပိုင်းကတော့ ကြောက်စရာကောင်းပြီး what the ffff လို့ ထအော်ရတဲ့ အပိုင်း။ ဒုတိယပိုင်းကျတော့ သောက်ရမ်းမိုက်တယ်ဟေး လို့…