Warriors of the Yang Clan (2004)

Warriors of the Yang Clan / 杨门虎将 (2004) တစ်ခေတ်တစ်ခါက တရုတ်သိုင်းစီးရီးပရိတ်သတ်တွေအတွက် "ချစ်သူ သူရဲကောင်း" ဆိုတဲ့နာမည်နဲ့ ရင်ထဲမှာ စွဲနင့်နေအောင်ကျန်ခဲ့တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် အခုလဲ အလွမ်းပြေကြည့်ရအောင် Bioscope App ကနေ Exclusive အနေနဲ့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် မြောက်ပိုင်းဆောင်းခေတ်မှာ တိုင်းပြည်အတွက် စစ်မြေပြင်ဝင်တိုက်ပေးနေတဲ့ ယန်မိသားစုရဲ့ သစ္စာနဲ့ မိသားစုနှစ်စုကြား အစဉ်အဆက်တည်ရှိလာတဲ့ ရန်ငြိုးတွေ ထိပ်တိုက်တွေ့ဆုံလာတဲ့အခါ အချစ်တစ်ခုဟာလည်း ရွေးချယ်စရာမရှိတဲ့ ကံကြမ္မာတစ်ခုအဖြစ် ပြောင်းလဲသွားပါတော့တယ်။ ဒီဇာတ်လမ်းကတော့ သမိုင်းနောက်ခံ၊ အချစ်နဲ့ မိသားစုသစ္စာကို ပေါင်းစပ်ရိုက်ကူးထားတဲ့ Historical Romance Drama စီးရီး Warriors of the Yang Clan ပဲ ဖြစ်ပါတယ်။ဒီစီးရီးမှာ နဂါးနိုင်ဓား ၂၀၀၃ ဗားရှင်းထဲက ကျန်းဝူကျိမင်းသားဖြစ်တဲ့ Alec Suက Yang မိသားစုရဲ့ စတုတ္ထသား ယန်စစ်လန် အဖြစ်၊ Chae Rim ( ဂျင်ဆန်းမီလို့သိကြတဲ့ကိုရီးယားမင်းသမီးလေး ) က သူ့ရဲ့ချစ်သူ ဖန်းယွီယန်း အဖြစ် ပါဝင်ထားပါတယ်။ Ti Lung က Yang Ye အဖြစ်၊ Angie Chiu က She Saihua အဖြစ်နဲ့ Hu Jing က Liao မင်းသမီး Ming Ji အဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း >> မြောက်ပိုင်းဆောင်းခေတ်မှာ ယန်ယဲ့ ဟာ တိုင်းပြည်အတွက် အစွမ်းကုန်စစ်မှုထမ်းနေတဲ့ နာမည်ကျော် စစ်သူရဲကောင်းတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့အောင်မြင်မှုတွေနဲ့ ယန်မိသားစုရဲ့ ဂုဏ်သတင်းကြောင့် ဧကရာဇ်ရဲ့ ယုံကြည်မှုကို ရရှိလာပေမယ့် တစ်ဖက်မှာတော့ အာဏာရှိသူတချို့ရဲ့ မနာလိုမှုနဲ့ အာဏာပြိုင်ဆိုင်မှုတွေကိုလည်း ရင်ဆိုင်လာရပါတယ်။ ယန် မိသားစုနဲ့ ဖန်း မိသားစု ကြားမှာ အစဉ်အဆက်ရှိနေတဲ့ မကျေနပ်မှုတွေက နိုင်ငံရေးအခြေအနေတွေနဲ့ ပေါင်းစပ်လာတဲ့အခါ မိသားစုနှစ်စုရဲ့ ဆက်ဆံရေးဟာ ပိုမိုတင်းမာလာပါတယ်။ အဲဒီလိုအခြေအနေမ…
Seasons
- Season 1 (15 Episodes)