The Scent of Karma (2026)

The Scent of Karma (2026) အချိန်လွန်ကံကြမ္မာရဲ့ ချစ်ရနံ့ လူတစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံမှုတိုင်းဟာ မတော်တဆဖြစ်လာတာလား၊ ဒါမှမဟုတ် အတိတ်ဘဝတွေကတည်းက ချည်နှောင်ထားတဲ့ ကံကြမ္မာတစ်ခုလား။ ချစ်ခြင်းတစ်ခုနောက်ကွယ်မှာ ထောင်ပေါင်းများစွာသောနှစ်တွေရဲ့ လျှို့ဝှက်ချက်နဲ့ ကျိန်စာတစ်ခု ရှိနေတဲ့အခါ အဲဒီအချစ်ကို ဆက်လက်ရွေးချယ်နိုင်မလားဆိုတာကို ပုံဖော်ထားတဲ့ BL Fantasy Romance ဝက်ဘ်စီးရီးလေးကတော့ The Scent of Karma ပဲ ဖြစ်ပါတယ်။ ဒီစီးရီးမှာ နာမည်ကျော် Boy Band Idol တစ်ယောက်ဖြစ်တဲ့ Yu Cheng နဲ့ လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားတဲ့ ဆရာဝန် Zhao Jin An တို့ရဲ့ ယောက်ျားလေးနှစ်ယောက်ကြားက ချစ်ခြင်းကို အဓိကထားဖော်ပြထားပါတယ်။ စုစုပေါင်း ၁၀ ပိုင်းပါဝင်ပြီး တစ်ပိုင်းလျှင် ၁၃ မိနစ်ခန့် ကြာမြင့်မယ့် တရုတ် Boys’ Love Fantasy Romance ဝက်ဘ်စီးရီးလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း >> နာမည်ကျော် Boy Band Idol တစ်ယောက်ဖြစ်တဲ့ Yu Cheng ဟာ မတော်တဆမှုတစ်ခုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပါတယ်။ အဲဒီနောက်မှာတော့ ထူးခြားပြီး လျှို့ဝှက်ဆန်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ Zhao Jin An ဆီမှာ ကုသမှုခံယူရပါတော့တယ်။ ပထမဆုံးတွေ့ဆုံချိန်မှာတော့ Yu Cheng ဟာ Zhao Jin An ရဲ့ အေးစက်ပြီး စကားနည်းတဲ့အပြုအမူတွေကြောင့် နားလည်ရခက်နေခဲ့ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ယောက်ျားလေးနှစ်ယောက်ကြားမှာ နီးစပ်မှုတစ်ခု တဖြည်းဖြည်း ပေါ်ပေါက်လာပြီး ဆရာဝန်နဲ့ လူနာကြားက ဆက်ဆံရေးဟာ နောက်ဆုံးမှာ ချစ်ခြင်းတစ်ခုဆီ ဦးတည်လာပါတော့တယ်။ ဒါပေမယ့် Zhao Jin An ရဲ့ အတိတ်မှာ လူတိုင်းမသိသေးတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေပါတယ်။ သူဟာ သာမန်လူတစ်ယောက်မဟုတ်ဘဲ နှစ်ပေါင်းထောင်ချီ အသက်ရှင်နေခဲ့သူတစ်ယောက် ဖြစ်နေပါတယ်။ ပိုပြီးဆိုးတာကတော့ သူ့ကို ချစ်မိသွားသူတိုင်းဟာ ဆိုးရွားတဲ့ကံကြမ္…
Seasons
- Season 1 (3 Episodes)