Love @ Fifty First Bite (2026)

Love @ Fifty First Bite

"​မြောက်ပိုင်းမြေက ချစ်ခြင်းရနံ့" (၂၀၂၆) ချစ်စရာကောင်းတဲ့ Esther နဲ့ ဟာသဉာဏ်ရွှင်တဲ့ Punjan တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားသစ်လေး ထွက်ရှိလို့လာပါပြီ ! ဇာတ်လမ်းအကျဥ်း ​ဒေဝါလီခံရတော့မယ့် မိသားစုပိုင် အပန်းဖြေစခန်းရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အဖေဖြစ်သူရဲ့ တွန်းပို့မှုကြောင့် ရောက်လာခဲ့သူကတော့ ရုပ်ရည်ချောမောပြီး ကိုယ်ရေးရာဇဝင်လည်း လှပတဲ့ “ယော့ဒ်ဆလမ်” ပါပဲ။ အဲဒီကို ရောက်သွားတဲ့အခါ သူရင်ဆိုင်လိုက်ရတဲ့ ပြဿနာကတော့ အပန်းဖြေစခန်း အရှုံးပေါ်နေတာက ခေါက်ဆွဲချက်နေကျစားဖိုမှူးမရှိတော့တာကြောင့် ဖြစ်တဲ့အတွက် အပန်းဖြေစခန်း ပြန်မရပ်တည်နိုင်ဖို့အတွက် အုန်းနို့ခေါက်ဆွဲချက်တတ်တဲ့လူကို လိုက်ရှာဖို့ ရှာပုံတော် ဖွင့်ခဲ့ပါတယ်။ ​အဲဒီအချိန်မှာပဲ ရုပ်ရည်ချောမောပေမဲ့ နှုတ်ကြမ်းတဲ့ ခေါက်ဆွဲရောင်းနေတဲ့ “ဘန်​အေန်း” နဲ့ ဆုံတွေ့ခဲ့ပါတယ်။ သူနဲ့ လုံးဝမတူညီတဲ့ ဘန်အိန်းရဲ့ စရိုက်ကြောင့် ယော့ဒ်ဆလမ်တစ်ယောက် အံ့ဩနေရသလို၊ သူ လာ​ခေါ်ယူရတဲ့အထိ လူကြိုက်များ ရောင်းကောင်းနေတဲ့ အမဲသားခေါက်ဆွဲရဲ့ အရသာကလည်း သူ့ကို စွဲဆောင်နေပြန်ပါတယ် ​အစပိုင်းမှာ အဆင်မပြေ၊ အမြင်မကြည် ဖြစ်ခဲ့ကြပေမဲ့ ကြာလာတာနဲ့အမျှ သူတိုနှစ်ယောက်ဟာ အကြောင်းကိစ္စမျိုးစုံနဲ့ အမြဲပတ်သက်နေရပါတော့တယ်။ ဘန်​အေန်းက သူ့ရဲ့ ခေါက်ဆွဲဆိုင်လေး ရပ်တည်နိုင်ဖို့ အရာရာကို လုပ်ဆောင်နေသလို ယော့ဒ်​ဆလမ်ကလည်း အပန်းဖြေစခန်း ပြန်လည်ရပ်တည်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားရင်း နှစ်ဦးသားရဲ့ ခံစားချက်တွေကလည်း တဖြည်းဖြည်း ပြောင်းလဲလာကြတဲ့အခါ... အရသာရှိလှတဲ့ ထိုင်းမြောက်ပိုင်းရိုးရာ ခေါက်ဆွဲတစ်ပွဲက ဘယ်လိုမျိုး အချစ်ဇာတ်လမ်းလေး အစပျိုးပေးသွားမလဲဆိုတာ ရယ်မောပျော်ရွှင်စရာ ကြည့်ရှုရမယ့် ဇာတ်လမ်းလေး ဖြစ်တာမို့ စောင့်မျှော်ကြည့်ရှု​ကြပါဦးနော်။

Seasons

  • Season 1 (1 Episodes)

You May Also Like