Crash Season 2: Fury Road (2026)

Crash Season 2: Fury Road (2026) *********************************** အပိုင်းသစ် (1) 2024 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ ကိုရီးယားမှုခင်းစုံစမ်းရေးဇာတ်လမ်းတွဲ Crash ဟာ အခုဆိုရင် Season 2: Fury Road အဖြစ် ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။ Season 1 မှာတော့ ယာဉ်မှုခင်းစုံစမ်းရေး ကို အခြေခံထားတဲ့ ထူးခြားတဲ့ဇာတ်လမ်း၊ စိတ်လှုပ်ရှားဖွယ် ကားလိုက်ဖမ်းခန်းတွေနဲ့ အဖွဲ့သားတွေရဲ့ ဟာသနှောတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး ENA ရုပ်သံလိုင်းသမိုင်းတစ်လျှောက် ကြည့်ရှုနှုန်းအမြင့်ဆုံး ဒုတိယမြောက် ဇာတ်လမ်းတွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အခု Season 2 မှာတော့ ယခင် Season က အဓိကဇာတ်ဆောင်တွေဖြစ်ကြတဲ့ Lee Min-ki၊ Kwak Sun-young၊ Heo Sung-tae၊ Lee Ho-cheol နဲ့ Moon Hee တို့ ပြန်လည်ပါဝင်လာကြမှာဖြစ်ပါတယ်။ ဒါ့အပြင် NCT အဖွဲ့ဝင် Park Ji-sung ကလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အသစ်လေးအဖြစ် ပါဝင်ထားပါသေးတယ်။ ဒီတစ်ကြိမ်မှာတော့ Namgang ရဲစခန်းရဲ့ Traffic Crime Investigation Team (TCI) ဟာ National Investigation Headquarters လက်အောက်ရှိ Regional Investigation Unit အဖြစ် အဆင့်မြှင့်တင်ခံရပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပွားနေတဲ့ ယာဉ်မှုခင်းတွေကို စုံစမ်းဖော်ထုတ်ရတော့မှာ ဖြစ်ပါတယ်။ အရင် Season ထက် ပိုမိုကြီးမားတဲ့ စုံစမ်းရေးအမှုတွေ၊ အရှိန်အဟုန်ပြင်းတဲ့ ကားလိုက်ဖမ်းခန်းတွေနဲ့ အဖွဲ့သားတွေရဲ့ ပိုမိုခိုင်မာလာတဲ့ Teamwork တွေကို မြင်တွေ့ရမယ့် Crash Season 2: Fury Road ဟာ Action, Comedy နဲ့ Crime Investigation အမျိုးအစားတွေကို နှစ်သက်သူတွေအတွက် လက်လွှတ်မခံသင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တာမို့ အပတ်စဥ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တိုင်း စောင့်မျှော်ပေးက…
Seasons
- Season 2 (2 Episodes)