World's Finest (AKA) The Royal Swordsmen (2005)

World's Finest (AKA) The Royal Swordsmen

World’s Finest / 天下第一 (2005) မကြာခဏဆိုသလိုအတောင်းများတဲ့စီးရီးတစ်ခုဖြစ်တဲ့ " ဘက်မတူတဲ့ တက်လူ " World's Finest (AKA) The Royal Swordsmen ကို Bioscope App ကနေ HD Version အဖြစ် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် 20s ပိုင်းမှာ တရုတ်သိုင်းလောကကို ဆရာကြီးကျင်းယုံ နဲ့ ကုလုံတို့ရဲ့ Classic Novel တွေကို Live Action အဖြစ် ဖန်တီးထားတဲ့ တရုတ် ..ဟောင်ကောင် ထိုင်ဝမ်ဇာတ်လမ်းတွဲတွေမင်းမူနေချိန်မှာ ဖောက်ထွက်လာတဲ့ကားတစ်ကားအဖြစ်ဆိုကြပါစို့... မင်းဆက်ခေတ်ရဲ့ နန်းတွင်းအာဏာပြိုင်ဆိုင်မှုတွေ၊ သိုင်းလောကရဲ့ လျှို့ဝှက်ကြံစည်မှုတွေနဲ့နိုင်ငံတော်ကို ခြိမ်းခြောက်လာတဲ့ ပူးပေါင်းလုပ်ကြံမှုတွေကြားမှာ အထူးလျှို့ဝှက်ထောက်လှမ်းရေးလေးယောက်ဟာ အမှန်တရားကို ဖော်ထုတ်ဖို့နဲ့ ကိုယ်ကာကွယ်ရမယ့်အဖွဲ့အစည်းကို ပြန်လည်ကာကွယ်ဖို့ ကြိုးစားရပါတော့တယ်။ ဒီစီးရီးမှာ သိုင်းလောကစိန်ခေါ်သံရဲ့ လင်ဟူချုံးအဖြစ် သရုပ်ဆောင်ခဲ့တဲ့မင်းသားဖြစ်သူ Li Ya Peng က သွမ့်ထျန်းယာ အဖြစ်၊ Wallace Huo က ကွေးဟိုင်ယိတောင်း အဖြစ်၊ Michelle Ye က ရှန်ကွမ်းဟိုင်ထန် အဖြစ်နဲ့ Roger Kwok က ချန်ရှစ်ဖေး အဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း >> ရှေးခေတ် မင်မင်းဆက်အတွင်းမှာ ဧကရာဇ်ရဲ့ ဦးလေးဖြစ်သူ ကျူးဝူရှစ် ဟာ နိုင်ငံတော်အတွက် အထူးလျှို့ဝှက်အဖွဲ့အစည်းတစ်ခုကို တည်ထောင်ထားပါတယ်။ အဲဒီအဖွဲ့အစည်းကို ဟုလုံစံအိမ် လို့ခေါ်ပြီး နန်းတွင်းအာဏာပိုင်အဖွဲ့အစည်းတွေထက်တောင် လုပ်ပိုင်ခွင့်မြင့်မားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ဟုလုံစံအိမ် ရဲ့ အဓိကအဖွဲ့ဝင်တွေကတော့ သိုင်းပညာနဲ့ ကိုယ်ပိုင် ကျွမ်းကျင်မှုအမျိုးမျိုးမှာ ထူးချွန်ကြတဲ့ လျှို့ဝှက်ထောက်လှမ်းရေးလေးယောက် ဖြစ်ပါတယ်။ သွမ့်ထျန်းယာ က ငြိမ်သက်တည်ငြိမ်ပြီး အခြေအနေတိုင်းကို အေးဆေးစွာ ကိုင်တွယ်တတ်တဲ့ သိုင်းသမားတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက ကျူးဝူရှစ် ရဲ…

Seasons

  • Season 1 (5 Episodes)

You May Also Like