

Visage and Soul
借颜
Drama
ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်လမ်းတွဲလေးကတော့ လှည့်ကွက်တွေ၊ သံသယတွေနဲ့ အမှန်တရားကြားက နာကျင်စရာရွေးချယ်မှုတွေ ပြည့်နှက်နေတဲ့ဇာတ်အိမ်မျိုးလေးပါ။ ဒါ့အပြင် အဲလို plot တွေကြားမှာ ကြည့်ရှုသူတွေက အချစ်ရိပ်ပါးပါးလေးကိုလဲ ခံစားရဦးမှာပါ။
ဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်နှစ်ဦးအဖြစ် Fascination မှာ MC အဖြစ်အတွဲညီခဲ့ကြတဲ့ Qi Yan Di နဲ့ Jesse Ren တို့ကို ထပ်မံမြင်တွေ့ကြရဦးမှာပါနော်။
ဇာတ်လမ်းအညွှန်း >>>
အတိတ်မေ့နေတဲ့ချောင်ရှောင်မီဟာ ဖခင်ရဲ့နာရေးအခမ်းအနားမှာတင် အစ်ကိုဖြစ်သူ ချောင်ကျစ်ဝေရဲ့တမင်သက်သက်ကျပ်ပိတ်လုပ်ဆောင်မှုကြောင့် အကျပ်ရိုက်ပြီး စိတ်ဒုက္ခရောက်ခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ လွန်ခဲ့တဲ့ (၃) နှစ်ကတည်းက အစအနမရှိပျောက်ဆုံးနေခဲ့တဲ့ သူနဲ့စေ့စပ်ထားသူ ချင်ယွီဟာ ရုတ်တရက်ပြန်လည်ပေါ်လာပြီး ဒီအခက်အခဲထဲကနေ ကယ်ထုတ်ပေးခဲ့ပါတော့တယ်။
ချင်ယွီရဲ့ကူညီစောင့်ရှောက်မှုတွေကြောင့် ရှောင်မီရဲ့တစ်စစီဖြစ်နေတဲ့ အမှတ်တရအပိုင်းအစတွေဟာ တဖြည်းဖြည်းပြန်ပေါ်လာပြီး အတိတ်က လူများစွာအသက်ဆုံးရှုံးခဲ့ရတဲ့ ကြောက်စရာကောင်းလှတဲ့မီးလောင်မှုကြီးတစ်ခုဆီကို ဦးတည်ညွှန်ပြလာပါတော့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အလှည့်အပြောင်းကတော့ ချင်ယွီ တစ်ကျော့ပြန်ပေါ်လာခြင်းဟာ တကယ်တော့ အစ်ကိုဖြစ်သူ ချောင်ကျစ်ဝေက နောက်ကွယ်ကနေ ကြိုးကိုင်စီစဉ်ထားတာ ဖြစ်နေခဲ့ပါတယ်။ အမှန်တရားတွေ တဖြည်းဖြည်း ပေါ်လာတဲ့အခါမှာတော့ လှည့်စားမှုတွေအပေါ်မှာတည်ဆောက်ထားခဲ့တဲ့ သူတို့နှစ်ယောက်ကြားကအချစ်ဟာ နောက်ဆုံးမှာတော့ နာကျင်စရာကောင်းတဲ့အရေးကြီးဆုံးရွေးချယ်မှုတစ်ခုနဲ့ ရင်ဆိုင်ရပါတော့တယ်။
ဒီဇာတ်လမ်းက Mini Drama တွေရဲ့ထုံးစံအတိုင်း Plot Twist တွေ၊ စိတ်လှုပ်ရှားစရာ အကွက်တွေနဲ့ပြည့်နှက်နေတဲ့ သည်းထိတ်ရင်ဖို အချစ်ဇာတ်လမ်းအမျိုးအစားမို့ ကြည့်ရင်း ရင်တထိတ်ထိတ်ဖြစ်ရမှာတော့ အသေချာပါပဲ။
Total Episodes : 24
Quality : WEB-DL 1080p
Format : mp4
Genres : Drama
Runtime : 15 min
Subtitle : Myanmar Subtitle ( Hardsub )
Download Links
Season 124 Episodes
⌄