The House of the Spirits (2026)

The House of the Spirits (2026) Season 01 (စ/ဆုံး) IMDb Rating (7.1) / Rotten Tomatoes (83%) စာရေးဆရာမ Isabel Allende ၁၉၈၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ရောင်းအားအကောင်းဆုံးဝတ္ထုကို ပြန်လည်အသက်သွင်းထားတဲ့ အပိုင်း ၈ ပိုင်းပါ တီဗီစီးရီးဖြစ်ပါတယ်။ ဝတ္ထုကို ပထမဆုံး အသက်သွင်းခဲ့တဲ့ ရုပ်ရှင်ကိုတော့ ၁၉၉၃ ခုနှစ်မှာ Jeremy Irons၊ Meryl Streep၊ Winona Ryder၊ Glenn Close နဲ့ Antonio Banderas တို့နဲ့ ရိုက်ကူးခဲ့တာ ဖြစ်တယ်။ လက်တင်အမေရိကန် ဇာတ်ရုပ်တွေကို အင်္ဂလိပ်-အမေရိကန်သရုပ်ဆောင်အတော်များများနဲ့ ရိုက်ကူးလိုက်တော့ အဲဒီရုပ်ရှင်ဟာ အတော်လေးလည်း ဝေဖန်ခံခဲ့ရသေးတယ်။ ဒီစီးရီးမှာတော့ Meryl Streep သရုပ်ဆောင်ခဲ့တဲ့ ကလာရာနေရာမှာ My Fault/ Your Fault/ Our Fault ဇာတ်ကားတွေနဲ့ နာမည်တက်လာတဲ့ Nicole Wallace က သရုပ်ဆောင်ထားပြီး တခြားသော စပိန်စကားပြော သရုပ်ဆောင်များစွာက ပါဝင်ပေးထားပါတယ်။ ဇာတ်လမ်းကိုတော့ ဒယ်ဗယ်လီဆိုတဲ့ မိသားစုက ရိုဆာဆိုတဲ့ သမီးအကြီးဆုံးနဲ့ ကလာရာဆိုတဲ့ သမီးအငယ်ဆုံးလေးရဲ့ ဇာတ်လမ်းကနေ စထားတယ်။ ကလာရာက ငယ်စဉ်ကတည်းက စိတ်စွမ်းအင်ရှိတဲ့ ကလေးမ၊ အဖြစ်ဆိုးတွေ ဖြစ်တော့မယ်ဆိုရင် အာရုံခံစားမိတတ်တယ်။ ဒီလိုနဲ့ တစ်နေ့ သူတို့အိမ်မှာ လူတစ်ယောက် သေမယ်လို့ သူက အာရုံရလာတယ်။ တကယ် ဆုံးပါးသွားတဲ့လူက သူ့အချစ်ဆုံး ရိုဆာဆိုတဲ့ အစ်မကြီးပေါ့။ သူ့ခမျာ စိတ်ထိခိုက်သွားတာ ကိုးနှစ်တိုင်တိုင် စကားမပြောနိုင်ခဲ့ဘူး။ ပြန်စပြောတဲ့ စကားက သူအိမ်ထောင်ပြုတော့မယ်တဲ့။ တကယ်လည်း မကြာခင်မှာ သူ့ကိုလာတင်တောင်းတဲ့လူ ပေါ်လာတယ်။ သူကတော့ အက်စတီဘန် ထရူးဘားဆိုတဲ့ သူဌေးကြီးပေါ့၊ သေသွားတဲ့ သူ့အစ်မ ရိုဆာရဲ့ ချစ်သူ။ အက်စတီဘန်က ရိုဆာအပေါ် သိပ်ချစ်ခဲ့တာရော၊ ရိုဆာရဲ့ ညီမလေး ကလာရာက သိပ်ကိုမိန်းမသားဆန်လွန်းပြီး နူးညံ့လွန်းတာရောကြောင့် ကလာရာအပေါ် တတ်နိုင်သလောက်…
Seasons
- Season 1 (8 Episodes)