

The Great Queen Seondeok
선덕여왕
Drama
The Great Queen Seondeok (2009)
*********************************
အပိုင်းသစ် ( ၁ မှ ၁၀) အထိ
တစ်ခေတ်တစ်ခါက ဟုန်းဟုန်းတောက် နာမည်ကြီးခဲ့ပြီး ဒီနေ့အထိ ပရိသတ်တွေရင်ထဲ ကျန်ရစ်ခဲ့တဲ့ ကိုရီးယားနန်းတွင်းကားလေးကို ကြည်တောက်ရှင်း ဗားရှင်း၊ သာသာပြန် quality အမိုက်စားနဲ့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
ဒီဇာတ်လမ်းထဲက မင်းသမီးကြီး မီရှီကို ငယ်ဘဝတုန်းက အမေတွေ၊ အဘွားတွေကပါ အသားတဆတ်ဆတ်တုန်အောင် မုန်းခဲ့ရတာပေါ့။ ဒီကားလေးက iMDB rating 8.6 နဲ့ ဆုပေါင်းများစွာ ရရှိထားပြီး
Lee Yo Won, Go Hyun Jung, Park Ye Yin, Yoo Seung Ho, Kim Nam Gil နဲ့ Uhm Tae Woong, Nam Ji Hyun, Shin Sae Kyeong, Lee Hyun Woo တို့လို နာမည်ကြီး ထိတ်ထိတ်ကြဲ သရုပ်ဆောင်တွေက အဓိက ပါဝင်အားပြိုင်ထားကြပါတယ်။
ဇာတ်လမ်းကတော့ ..
နတ်ဘုရားတွေရဲ့ မျက်နှာသာပေးမှုကို ခံရပြီး ပြည့်ရှင်ဘုရင်၊ မှူးမတ်၊ စစ်သူကြီးစတဲ့ အရည်အချင်းရှိယောက်ျားတွေကို မိမိဦးဆောင်မှုနောက် ပြားပြားဝပ်စေလောက်အောင် ထူးချွန်ထက်မြက်လှတဲ့ မီရှီ...။
သူမဟာ နတ်ဘုရားတွေရဲ့ မျက်နှာသာပေးမှုကို ခံရပြီး မင်းဆက် ၃ ဆက်တိုင်အောင် နောက်ကွယ်ကနေ တိုင်းပြည်ကို ကြိုးကိုင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဧကရီတစ်ပါးမဖြစ်မချင်း မကျေနပ်နိုင်တဲ့ သူမဟာ ရက်စက်တဲ့ လှည့်ကွက်မျိုးစုံကိုသုံးပြီး ပန်းတိုင်ကို အရောက်သွားဖို့ ကြံစည်နေသူတစ်ဦးပေါ့။
မီရှီကို အံတုနိုင်မဲ့ ကံကြမ္မာမျိုးနဲ့ မဟာကြယ်တာရာရဲ့ ဇာတာအောက်မှာ မွေးဖွားလာတဲ့ ဒေါ့မန်...။ တော်ဝင်မင်းသမီးအနေနဲ့ မွေးဖွားလာခဲ့ပေမဲ့ မီရှီရဲ့ အန္တရာယ်ရန်စွယ်ကနေ လွတ်မြောက်နိုင်ဖို့ မွေးစကတည်းက မိမိရဲ့ ခမည်းတော်၊ မယ်တော်နဲ့ ဝေးရာမှာ ကြီးပြင်းလာရပြီးနောက် .. ရဲစွမ်းသတ္တိအပြည့်နဲ့ နန်းတွင်းထဲ ပြန်ရောက်လာတဲ့ အချိန်မှာတော့......။
သူမတို့နှစ်ဦးကြားက လွန်ဆွဲမှုတွေ၊ လှည့်ကွက်တွေတင်သာမက ရှီလာပြည်ရဲ့ နတ်ကိုးကွယ်မှု ဓလေ့ထုံးတမ်းများကိုပါ ရှုစားနိုင်ပြီး ကိုရီးယားပြည်ရဲ့ သမိုင်းကြောင်းကိုပါ တစ်စွန်းတစ်စ လေ့လာနိုင်မှာမို့လို့ binge-worthy ဖြစ်တဲ့ ဇာတ်လမ်းတစ်ခုဖြစ်ကြောင်း ညွှန်းလိုက်ပါတယ်။
Episodes: 62
Aired: May 25, 2009 - Dec 22, 2009
Aired On: Monday, Tuesday
Original Network: MBC
Genres: Historical, Romance, Drama, Political
Download Links
Season 110 Episodes
⌄