The Eternal Fragrance (2026)

The Eternal Fragrance

ဒီတစ်ခါမိတ်ဆက်ပေးချင်တာလေးကတော့ ဝူရှ Fantasy ဇာတ်လမ်းတွဲအသစ်လေးပါ။ Wuxia Fantasy အမျိုးအစားကိုမှ Romance ဆိုတော့ သိုင်းကွက်လှလှတွေကြား အချစ်ကလိကလိလေးတွေကိုပါ တစ်ချက်ချက်ခံစားရစေမှာမို့ ပြိတ်သတ်တို့ အသည်းစွဲကြဦးမှာပါ။ အဓိကဇာတ်ကောင်တွေကလည်း Shine on Me မှာ အေးစက်စက်ရေခဲတုံးကနေ အရည်ပျော်ဆင်းခဲ့တဲ့သစ်တောစိမ်းကြီး ကိုကို Song Wei Long နဲ့ VOS မှာပါဝင်ခဲ့တဲ့ မမလှလှလေး Ju Jing Yi တို့က ကမ်မီရူပအကုန်မိနေအောင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ပင်လယ်ထဲကိုကျရောက်လာတဲ့ ဥက္ကာပျံတစ်ခုကနေတစ်ဆင့် ဒဏ္ဍာရီလာ ကျန်းမုအပင်ကြီး ပေါက်ဖွားလာခဲ့ပါတယ်။ အဲဒီအပင်ကရတဲ့အသီးဟာ အဆုံးမဲ့အာဏာနဲ့ စွမ်းပကားတွေကို ပေးစွမ်းနိုင်တာမို့ နတ်တွေ၊ မိစ္ဆာတွေနဲ့သားရဲတွေအားလုံးဟာ အဲဒီအသီးကိုလုယူဖို့အတွက် သွေးချောင်းစီးတဲ့စစ်ပွဲကြီးတစ်ခုကို ဆင်နွှဲခဲ့ကြပါတယ်။ နှစ်ပေါင်းတစ်ရာကြာပြီးနောက်မှာတော့ ချင်းချိုးက မိဘမဲ့မြေခွေးမလေး ရှောင်ပန့်ချွေဟာ အားကိုးရာနဲ့အင်အားကိုရှာဖွေဖို့အတွက် ချူဖုန်းကျောင်းတော်ကို ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီမှာ သူဟာ အသည်းအသန်ဖျားနာနေတဲ့အစ်ကိုဖြစ်သူကို ကယ်တင်ဖို့အတွက် ဝန်ထုပ်ဝန်ပိုးတွေကိုရင်ဆိုင်နေရတဲ့ ရင့်ကျက်တည်ငြိမ်တဲ့လူငယ်လေး လေရှို့ယွမ်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြားကသံယောဇဉ်ဟာ ကျောင်းတော်ရဲ့စမ်းသပ်မှုတွေကို အတူတူရင်ဆိုင်ရင်းနဲ့ ခင်မင်မှုကနေတစ်ဆင့် အချစ်အဖြစ် ပြောင်းလဲလာခဲ့ကြပါတယ်။ ဒါပေမဲ့ ရှောင်ပန့်ချွေတစ်ယောက် အံ့မခန်းစွမ်းအင်တွေပိုင်ဆိုင်ထားတဲ့ ကျန်းလီဖေးအဖြစ် နိုးထလာတဲ့အခါမှာတော့ သူ့ဘဝဟာ လုံးဝဥဿုံပြောင်းလဲသွားခဲ့ပါတော့တယ်။ သူ့ရဲ့မထင်မှတ်ထားတဲ့အစွမ်းတွေနဲ့ လျှို့ဝှက်ဆန်းကြယ်လှတဲ့နောက်ခံသမိုင်းကြောင်းကြောင့် အင်အားကြီးအဖွဲ့အစည်းတွေရဲ့ အာရုံစိုက်ခြင်းကိုခံခဲ့ရပြီး ကံကြမ္မာဆိုးကိုပါ မ…

Seasons

  • Season 1 (33 Episodes)

You May Also Like