Scandal love (2026)

Scandal Love (2026) ******************* အပိုင်း (၁ မှ ၁၀) စ/ဆုံး ဒီတစ်ခါမှာတော့ Idol လောကရဲ့ နောက်ကွယ်က ဖုံးကွယ်ထားတဲ့ အမှန်တရားတွေနဲ့ နက်နဲတဲ့ ခံစားချက် ပတ်သက်မှုတွေကို ရိုက်ကူးထားတဲ့ ကိုရီးယား GL ကားသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေကတော့ Heo So Yoon နဲ့ Kim Hyeon soo တို့က အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း *************** စီးပွါးရေးဆန်ပြီး ထိန်းချုပ်ကန့်သတ်မှုတွေများတဲ့ အိုင်ဒေါလောကမှာ စိတ်ခံစားချက်တွေကို တမင်ဖန်တီးပြီးတော့ brand တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရောင်းချခံရတတ်ပါတယ် .. ဒီဇာတ်ကားလေးထဲမှာတော့ K-pop girl group စနစ်အတွင်းက အာဏာအဆင့်အတန်း မတူညီတဲ့ မိန်းကလေးတွေရဲ့ ဘဝကို ပုံဖော်ရိုက်ကူးထားပါတယ် .. တင်းကျပ်တဲ့ စာချုပ်တွေ ၊ လူထုရဲ့ ပြင်းထန်တဲ့ စောင့်ကြည့်ဝေဖန်မှုတွေကြားမှာ သူတို့ရဲ့ ခံစားချက်အစစ်အမှန်တွေကို မြှုပ်နှံထားကြရပါတယ် .. အချစ်စစ်နဲ့ အောင်မြင်မှု၊ ပတ်ဝန်းကျင်ရဲ့ အဆုံးအဖြတ်နဲ့ ကိုယ့်နှလုံးသားရဲ့ တောင်းဆိုမှု... ဒီထဲမှာ သူတို့ ဘယ်အရာကို ရွေးချယ်ကြမလဲ .. အရာရာကို စနစ်တကျ ပုံဖော်ထိန်းချုပ်ထားတဲ့ ဒီလောကကြီးထဲမှာ "စစ်မှန်တဲ့အချစ်" ဆိုတာ တကယ်ပဲ ရှင်သန်ခွင့်ရှိရဲ့လားဆိုတာကိုတော့ ဒီကားလေးထဲမှာပဲ ကြည့်ရှုခံစားကြည့်လိုက်ပါဦးနော် .. Episodes: 10 Aired: Apr 8, 2026 - May 7, 2026 Aired On: Wednesday, Thursday Original Network: iQIYI, Shortime Genres: LGBT, Romance, Drama
Seasons
- Season (10 Episodes)