Advertisement
Pearl in Red

Pearl in Red

붉은 진주

★ 8.5📅 20260
Drama
Pearl in Red (2026) ******************* အပိုင်းသစ် (65) မိသားစုကား ဇာတ်လမ်းတွဲ အရှည်တွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့အတွက် လောင်မြိုက်ရမဲ့ လက်စားချေတဲ့ ဇာတ်လမ်းတွဲအသစ် ထွက်ရှိလို့လာပါပြီ။ Cast တွေအနေနဲ့ကတော့ "The King of Tears, Lee Bang Won" မှ မင်းသမီးကြီး Park Jin Hee ၊"Unpredictable Family" မှ ချစ်စရာမင်းသမီးလေး Nam Sang Ji တို့အပြင် Choi Jae Sung ၊ Kim Hee Jung စတဲ့ ဝါရင့်သရုပ်ဆောင်များပါ အားဖြည့်ပါဝင်ပေးထားပါတယ်။ ဇာတ်လမ်းအညွှန်း ~ ကြင်နာတတ်ပြီး သာမန်မိသားစုဘဝလေး လိုချင်တဲ့ Kim Myeong-Hee (Park Jin Hee)ဟာ မထင်မှတ်ထားတဲ့ အမှန်တရား တစ်ခုကြောင့် သေခြင်းတရားနဲ့ ကြုံတွေ့ခဲ့ရပါတော့တယ်။ ဒီလိုနဲ့ပဲ အမြွှာအစ်မဖြစ်သူရဲ့ သေဆုံးမှုကြောင့် လက်စားချေဖို့အတွက် Kim Dan Hui (Park Jin Hee) တစ်ယောက် သရုပ်မှန်ကို ဖုံးကွယ်ပြီး သူ့အစ်မလို ဟန်ဆောင်ရင်း အာဒဲလ်လုပ်ငန်းစုထဲကို ဝင်သွားပါတော့တယ် ။ တစ်ဖက်မှာလည်း သူငယ်ချင်းဖြစ်သူရဲ့ သစ္စာဖောက်ခြင်းကို ခံလိုက်ရပြီးနောက် မိသားစုဝင်ကိုပါ ဆုံးရှုံးလိုက်ရတဲ့ Baek Jin Ju (Nam Sang Ji)ကလည်း လက်စားချေဖို့အတွက် နာမည်အရင်းကိုပါ ဖုံးကွယ်ပြီး ဘရန်းအကြံပေးအဖြစ်နဲ့ အာဒဲလ်လုပ်ငန်းစုထဲကို ဝင်ရောက်လာပါတော့တယ်။ ဒီလိုနဲ့ပဲ သရုပ်မှန်ကို ဖုံးကွယ်ပြီး လက်စားချေဖို့ ရောက်လာကြတဲ့ အမျိုးသမီး နှစ်ဦး တွေ့ဆုံကာ မြွေမြွေချင်း ခြေမြင်သွားကြပြီး ပူးပေါင်း လက်စားချေသွားကြမလား... လက်စားချေတာ အောင်မြင်သွားမလား...ဆိုတာကို အပတ်စဉ် တနင်္လာကနေ သောကြာနေ့အထိ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ စောင့်မျှော်ရှုစားပေးပါဦးနော် ။ Airs On: Monday to Friday Genres : Mystery, Crime , Melodrama Episodes: 100 Duration : 40 min Original Network: KBS2 Subtitle : Myanmar Subtitle (Hard Sub)
Advertisement

Download Links

Ep 1-2020 Episodes
Ep 21-4020 Episodes
Ep 41-6020 Episodes
Ep 61-806 Episodes
Advertisement