Overdo (2026)

Overdo

သာ့ကျားဟောင်!!! သာ့ကျားတို့ လည်ပင်းရှည်မတတ်စောင့်စားနေတဲ့ဒိတ်ဒိတ်ကြဲဇာတ်ကားသစ်ကြီး ထွက်လာပါပြီ။ ဒီကားထဲမှာ ကိုကို Zhang Ling He နဲ့အတူ မမ Wang Chu Ran တို့က ပါဝင်သရုပ်ဆောင်ထားပြီး ရှန်ဟိုင်း‌ခေတ်ရဲ့အရှိန်အဝါအကြီးမားဆုံးကာလကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။ ရိုက်ကူးပုံဖော်မှုတွေကလည်း တစ်ကွက်ဆိုတစ်ကွက်၊ ဒိုင်ယာလော့ဆိုတာကလည်း တစ်ကြောင်းဆိုတစ်ကြောင်း ပြိတ်သတ်ရင်ထဲ လုံးဝစွဲကျန်ခဲ့မှာပါနော်။ ဒါ့အပြင် ကိုကိုကျန်းဟော့ကို မတရားမိမိုက်ပြီးထိုင်ရှိခိုးချင်စရာကောင်းတဲ့ Daddy type ကြီးနဲ့မြင်ရမှာဖြစ်သလို မမချူးရန်ကိုလည်း အရမ်းလှပြီးကျက်သရေရှိလွန်းတဲ့မိန်းမပျိုလေးအဖြစ် မြင်တွေ့ရမှာပါ။ ဒီတော့ ဒယ်ဒီနဲ့မာမီရဲ့သားသားမီးမီးလေးတွေ ဖြစ်ဖို့သာပြင်ထားကြတော့ သာ့ကျားတို့ရေ ဇာတ်လမ်းအညွှန်း >>> Republican ခေတ်ဦး ရှန်ဟိုင်းမြို့ကြီးရဲ့မုန်တိုင်းထန်လှတဲ့ အာဏာလုပွဲတွေကြားမှာ စစ်ဘုရင်တစ်ဦးရဲ့အငယ်ဆုံးမွေးစားသားဖြစ်သူ မုရုန်ချင်းယီဟာ မှားယွင်းခေါ်ဆောင်ခံလိုက်ရပါတယ်။ ဒါမို့ ငယ်စဉ်ကတည်းက မွေးစားဖခင်ရဲ့ရက်စက်စွာနှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရရှာပါတယ်။ ဆယ်ကျော်သက်အရွယ်မှာတော့ အဲဒီငရဲခန်းကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး သေလုမျောပါးဖြစ်နေတဲ့သူ့ကို မိန်းမငယ်လေး ရန်စူးစူးက ကယ်တင်ပေးခဲ့ပေမဲ့ အဲဒီကယ်တင်မှုကြောင့်ပဲ စူးစူးရဲ့မိသားစုတစ်ခုလုံး ကပ်ဘေးသင့်ပြီး ပျက်စီးသွားခဲ့ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ဟာ ပြန်လည်ဆုံတွေ့ခဲ့ကြပြီး နှလုံးသားချင်း တိတ်တဆိတ်ငြိတွယ်ခဲ့ကြပါတော့တယ်။ ဒါပေမဲ့ ကံကြမ္မာရဲ့အလှည့်အပြောင်းကြောင့် ရန်စူးစူးဟာ တခြားသူတွေကို ကယ်တင်ဖို့အတွက် သေဆုံးသွားဟန်ဆောင်ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့တာမို့ မုရုန်ချင်းယီခမျာ ချစ်ရသူကို ဆုံးရှုံးလိုက်ရတဲ့‌သေရာပါဒဏ်ရာကို အသဲခိုက်အောင်ခံစားနာကျ…

Seasons

  • Season 1 (33 Episodes)

You May Also Like