Advertisement
My Wife's Gunslinger God

My Wife's Gunslinger God

ถึงคุณภรรยา...จากสามีที่รัก

0📅 20260
ဂိမ်းပရိုလေး ကိုယ့်ချစ်သူ ================ "အပြင်မှာတော့ ရိုးရိုးအိမ်ရှင်မ ဆရာမလေး... ဂိမ်းထဲရောက်ရင်တော့ မင်းကို ဒူးထောက်စေမဲ့ Gaming God" ထိုင်း Rom-Com Drama အမိုက်စားလေးတွေ စောင့်မျှော်နေတဲ့ ဘော်ဒါတွေအတွက် ၂၀၂၆ ဇွန်လဆန်းမှာတင် ပူပူနွေးနွေးလေး On-Air ပြသလာတဲ့ "My Wife's Gunslinger God" စီးရီးအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီဗျာ။ လူကြိုက်များတဲ့ နာမည်ကြီးဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ဒီကားထဲမှာ ကျွန်တော်တို့တွေရဲ့ အသည်းစွဲ မင်းသားချော Mew Suppasit က ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားပြီး၊ မင်းသမီးချော Aom Susha ကတော့ ရိုးရိုးအေးအေးနဲ့ လျှို့ဝှက်ချက်တွေအပြည့်ရှိတဲ့ ဇနီးချောလေး နော့ပကောင်း အဖြစ် အမိုက်စား Chemistry နဲ့ အားပြိုင်ထားကြပါတယ်။ ဇာတ်လမ်းလေးကတော့... မင်းသား ရာဖီတစ်ယောက် မိခင်ဖြစ်သူရဲ့ ဇွတ်အတင်းတိုက်တွန်းမှုကြောင့် အလိုမတူဘဲ နော့ဖာခေါင်နဲ့ လက်ထပ်လိုက်ရတာကနေ စတာပါ။ မင်းသားအမြင်မှာတော့ သူ့ဇနီးက ဘာမှမသိနားမလည်ဘဲ ပျင်းစရာကောင်းတဲ့ "အမျိုးသမီးရိုးရိုးလေး" တစ်ယောက်ပေါ့။ အမေ့ရဲ့ သတ်မှတ်ချက်ကြောင့်သာ ဟန်ဆောင်လက်ထပ်ထားပြီး အချိန်တန်ရင် ကွာရှင်းပြတ်စဲဖို့ပဲ သူ အမြဲတစေ စိတ်ကူးနေခဲ့တာပါ။ ဒါပေမဲ့ သူ လုံးဝမထင်မှတ်ထားတာက... သူ့ဇနီးလေးက ငယ်ငယ်ကတည်းက သူနဲ့ရင်းနှီးနေခဲ့တဲ့သူအပြင်၊ ဂိမ်းလောကမှာ တစ်ဖက်ကမ်းခတ် နာမည်ကြီးပြီး ပြိုင်ဘက်ကင်းနေတဲ့ "Gaming God" အဆင့်ရှိတဲ့ ပညာရှင် Thep G ဖြစ်နေတာပါပဲ။ ရာပီကလည်း အဖေ့ဟိုတယ်ကို ပြန်တည်ဆောက်ဖို့ အိပ်မက်ကိုအကောင်အထည်ဖော်ချင် တစ်ဖက်က ကောင်းကလည်း ပရိုပလေယာဖြစ်ဖို့ ငွေလိုနေလို့ လက်ထပ်လိုက်ကြတဲ့ သူတို့ဆက်ဆံရေးက ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့…. အပိုင်း (၆) ပိုင်းတည်းနဲ့ ကျစ်ကျစ်လျစ်လျစ် ရိုက်ကူးထားတာမို့ အာလူးမရောင်းဘဲ တစ်ထိုင်တည်းနဲ့ ဇာတ်ရှိန်အပြည့် Binge-watch လို အကောင်းဆုံး Rom-Com Vibe ကားလေးပါ။ လင်မယားနှစ်ယောက်ကြားက ချစ်စရာ၊ ခွီရစရာ အလွဲအချော်တွေနဲ့ ရင်ခုန်စရာ အခန်းလေးတွေကို အဝကြည့်ရမှာမို့ အခုပဲ လက်မနှေးတမ်း ရှုစားလိုက်ကြပါဦးဗျာ။
Advertisement

Download Links

Season 16 Episodes
Advertisement