Advertisement
Maximum Pleasure Guaranteed

Maximum Pleasure Guaranteed

★ 7.0📅 2026👥 16 votes
Comedy

"Cam Boys. Blackmail. Divorce. Soccer practice."

Maximum Pleasure Guaranteed (2026) Season 01 (Ep 1 to 4) Ongoing Apple TV+ ကနေ အသစ်ထွက်ထားတဲ့ Dark Comedy နဲ့ Mystery ပေါင်းစပ်ထားတဲ့ "Maximum Pleasure Guarantee" (2026) စီးရီးလေး တင်ပေးထားပါတယ်။ Orphan Black နဲ့ She-Hulk ထဲက မင်းသမီး Tatiana Maslany ခေါင်းဆောင်ပါဝင်ထားပြီး ဇာတ်လမ်းအရှိန်မြန်မြန်နဲ့ ဆွဲဆောင်မှုရှိရှိ ရိုက်ကူးထားတဲ့ ကားလေးပါ။ ဇာတ်လမ်းအကျဉ်း Paula (Tatiana Maslany) က Portland မြို့က သတင်းစာတိုက်တစ်ခုမှာ အလုပ်လုပ်နေတဲ့ သတင်းထောက် တစ်ယောက်ပါ။ သူက ခင်ပွန်းဟောင်း Karl (Jake Johnson) နဲ့ ကွာရှင်းထားပြီး သမီးလေးရဲ့ အုပ်ထိန်းခွင့်ရဖို့ အပြိုင်အဆိုင် ဖြစ်နေတဲ့အချိန်ပေါ့။ ဘဝမှာ အဆင်မပြေမှုတွေနဲ့ အထီးကျန်နေတဲ့ Paula ဟာ Trevor (Brandon Flynn) လို့ခေါ်တဲ့ အွန်လိုင်း Cam boy ကောင်လေးတစ်ယောက်နဲ့ ရင်းနှီးသွားပြီး မပြောသင့်တဲ့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို အကုန်လျှောက်ပြောပြမိသွားတယ်။ တစ်ရက်ကျတော့ Trevor က ပြန်ပေးသမားတွေ ဖမ်းသွားသလိုလို၊ ငွေမပေးရင် သတ်ပစ်တော့မလိုလို ဟန်ဆောင်ပြီး Paula ဆီကနေ ငွေညှစ်ဖို့ ကြိုးစားပါတော့တယ်။ Paula က ရဲစခန်းကို ချက်ချင်းသွားတိုင်တဲ့အခါ စုံထောက် Sofia (Dolly De Leon) က ဒါဟာ လိမ်လည်မှုသက်သက်ပဲလို့ အတည်ပြုပေးပါတယ်။ ဒါပေမဲ့ Trevor က မရပ်ဘဲ Paula ရဲ့ အလုပ်တွေ၊ ခင်ပွန်းဟောင်းဆီတွေအထိပါ ဆက်တိုက် ဖုန်းဆက် အနှောင့်အယှက်ပေးလာတဲ့အခါ Paula တစ်ယောက် သူ့ရဲ့ သတင်းထောက် အစွမ်းတွေသုံးပြီး Trevor ဘယ်မှာနေလဲဆိုတာ လိုက်စုံစမ်းပါတော့တယ်။ ပြဿနာက Trevor အိမ်ကို ရောက်သွားတဲ့အခါ Trevor တစ်ယောက် တကယ်ပဲ အသတ်ခံထားရတာကို သွားတွေ့လိုက်ရတာပါပဲ။ ဒီတော့ စုံထောက် Sofia က Paula ကို လူသတ်သမားလို့ မသင်္ကာဖြစ်လာသလို၊ Trevor ရဲ့ Sugar Daddy (Murray Bartlett) ကလည်း Paula ကို လိုက်ရှာနေပါတယ်။ တစ်ဖက်မှာလည်း ခင်ပွန်းဟောင်းက ကလေးအုပ်ထိန်းခွင့်ရဖို့ ဒီကိစ္စကို အသုံးချလာတဲ့အပြင်၊ သမီးဖြစ်သူရဲ့ ဘောလုံးအသင်းက ဆွဲဆောင်မှုရှိတဲ့ ဖခင်တစ်ယောက်ဖြစ်တဲ့ Steve (Raymond Lee) နဲ့လည်း ပတ်သက်လာရတဲ့အခါ Paula တစ်ယောက် ဘဝကြီး ဘယ်လိုတွေ ဆက်ရှုပ်ထွေးပြီး ဘယ်လိုရှင်းမလဲဆိုတာကို ကြည့်ရှုရမယ့် စီးရီးလေး ဖြစ်ပါတယ်။ Tatiana Maslany ရဲ့ သရုပ်ဆောင်ချက်တွေက ဒီစီးရီးမှာ အတော်လေးကို အသက်ပါပြီး ပီပြင်ပါတယ်။ ပြဿနာပေါင်းစုံ ဝိုင်းနေပြီး ရုန်းကန်နေရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံစံကို အကောင်းဆုံး ပုံဖော်သွားနိုင်တယ်။ ပုံမှန် မှုခင်းလျှို့ဝှက်ဆန်းကြယ်ကားတွေလို မဟုတ်ဘဲ ရယ်လည်းရယ်ရတဲ့ Dark Comedy ပုံစံလေးမို့ ကြည့်လို့ကောင်းတဲ့ စီးရီးတစ်ခုအနေနဲ့ ညွှန်းပေးလိုက်ပါတယ်ဗျာ။ File size… (2 GB) / (800 MB) / (400 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Episodes... 10 Genre…. Comedy, Drama, Mystery, Thriller Duration…. 40min Subtitle…. Myanmar Subtitle (Hardsub)
Advertisement

Download Links

Season 14 Episodes
Advertisement