North of North (2025)

North of North

Netflix မှာ အသစ်ထွက်ထားတဲ့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရတဲ့ "North of North" Season 2 အကြောင်းလေး တင်ဆက်ပေးချင်ပါတယ်။ Season 1 ကို ကြည့်ဖူးတဲ့သူတွေဆိုရင်တော့ အာတိတ်ဒေသက ရေခဲတွေဖုံးနေတဲ့ Ice Cove ဆိုတဲ့ မြို့ငယ်လေးက အင်နူးအစ် လူမျိုးတွေရဲ့ နေ့စဉ်ဘဝအကြောင်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ဒါဟာ အပိုင်း (၈) ပိုင်းပါဝင်တဲ့ ရုပ်သံဇာတ်လမ်းတွဲလေးပါ။ ဒီ Season 2 မှာတော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Siaja တစ်ယောက် အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီးနောက် ဘဝကို အသစ်ပြန်စဖို့ ကြိုးစားရင်း ကြုံတွေ့ရတဲ့ အလွဲလေးတွေကို ဆက်ပြီး မြင်တွေ့ရမှာပါ။ မြို့လေးမှာ ရေပြတ်လပ်တဲ့ ပြဿနာကို ဖြေရှင်းကြတာတွေ၊ ခရီးသွားတွေအတွက် ရိုးရာ မျက်နှာဖုံးအကပွဲကို အလွဲလွဲအချော်ချော် စီစဉ်ကြတာတွေက တော်တော်လေးကို ရယ်ရပါတယ်။ ဒါ့အပြင် Siaja ရဲ့ သူငယ်ချင်းတွေက သူ့အတွက် ရည်းစားသစ်ရအောင် Speed dating တွေ အတင်းလုပ်ပေးကြတဲ့ အခန်းတွေဆိုရင် ပိုပြီး ဟာသမြောက်ပါတယ်။ ရိုးရာယဉ်ကျေးမှုတစ်ခုကို ပျင်းစရာကောင်းမနေဘဲ ဟာသလေးတွေနှောပြီး သဘာဝကျကျ တင်ဆက်ထားနိုင်တာက ဒီဇာတ်လမ်းတွဲရဲ့ အသက်ပါပဲ။ ဇာတ်ကောင်တွေကလည်း အပြင်က ကိုယ့်သူငယ်ချင်းတွေလိုပဲ အားနည်းချက်တွေ၊ အလွဲတွေနဲ့မို့ ကြည့်ရတာ အရမ်းကို ရင်းနှီးချစ်ခင်စရာ ကောင်းနေပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းဖြေချင်သူတွေ၊ အရယ်အမောလည်းလိုချင်တယ်၊ ထူးခြားတဲ့ ဒေသတစ်ခုက လူနေမှုဘဝကိုလည်း ခံစားကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်လမ်းတွဲလေးကို ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦးလို့ ညွှန်းပေးချင်ပါတယ်ဗျာ။ File Size : ~400 MB/ 200 MB (Per Episode) Quality : 1080p/720p WEB-DL Format : MP4 Duration : ~30 Mins (8 Episodes) Genre : Comedy Subtitle : Myanmar Subtitle (Hardsub)

Seasons

  • Season 2 (8 Episodes)

You May Also Like