Love Game with My Enemy (2026)

"အမုန်းမီးလျှံမှ အချစ်နွေဦးသို့" (၂၀၂၆) "အနိုင်ယူဖို့အတွက် စတင်ခဲ့တဲ့ ဒီကစားပွဲမှာ... နောက်ဆုံး ရှုံးနိမ့်သွားမယ့်သူက ဘယ်သူဖြစ်မလဲ " အချစ်ဆိုတာ လှပတဲ့အရာတစ်ခုလို့ ယုံကြည်ထားတဲ့ လုမ်နေတစ်ယောက် သူ့ရဲ့ဝမ်းကွဲအစ်ကိုဖြစ်တဲ့ ပေါင့်ရဲ့ ကြေကွဲဖွယ်သေဆုံးမှုကြောင့် အချစ်အပေါ်ထားရှိတဲ့ သူ့ရဲ့အမြင်တွေ ပြောင်းလဲသွားခဲ့ရပါတယ် ပေါင့်ဟာ လေးနှစ်ကျော်ကြာ ချစ်ကြိုက်ခဲ့တဲ့ ကဲင်ကို လက်ထပ်ခွင့်တောင်းခဲ့ပေမဲ့ ကဲင်ကတော့ ဆင်းရဲတာကို အကြောင်းပြပြီး ရက်ရက်စက်စက် ငြင်းပယ်ခဲ့ပါတယ် အဲဒီအဖြစ်အပျက်ကြောင့် ပေါင့်တစ်ယောက် စိတ်ဒဏ်ရာပြင်းထန်စွာ ခံစားခဲ့ရပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တဲ့အတွက် လုမ်နေရဲ့ရင်ထဲမှာ ကဲင်အပေါ် မုန်းတီးမှုနဲ့ လက်စားချေလိုစိတ်တွေ ပြည့်နှက်လာခဲ့ပါတယ် တစ်ဖက်မှာတော့ နိုင်ငံရေးသမားကြီးတစ်ဦးရဲ့သားဖြစ်တဲ့ ဒဲန်းချွိန်းဟာ အဖေရဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက် အတိုက်အခံပါတီက သမီးဖြစ်သူ လင်န်ယာနဲ့ အတင်းအကျပ် လက်ထပ်ခိုင်းတာကို ခံနေရပါတယ် ဒဲန်းချွိန်းကတော့ အဖေကို ဆန့်ကျင်ဖို့အတွက် ကဲင်ကို သူ့ရဲ့ချစ်သူအဖြစ် ဟန်ဆောင်ပေးဖို လျှို့ဝှက်ငှားရမ်းခဲ့ပါတော့တယ် တိုက်ဆိုင်စွာပဲ လုမ်နေဟာ ဒဲန်းချွိန်းရဲ့အသက်ကို ကယ်တင်ပေးခဲ့ဖူးပြီး နောက်ပိုင်းမှာ ကဲင်နဲ့ ဒဲန်းချွိန်းတို့ရဲ့ ဆက်ဆံရေးကို မြင်တွေ့လိုက်ရတဲ့အခါ အရာအားလုံးကို နားလည်မှုလွဲပြီး ဒဲန်းချွိန်းအပေါ်ပါ မုန်းတီးသွားခဲ့ပါတယ် ဒီလိုနဲ့ အမုန်းတရားတွေနဲ့ စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးလေးကတော့ လက်စားချေမှုတွေနဲ့ ပြည့်နှက်နေတဲ့ အချစ်ဂိမ်းတစ်ခုအဖြစ် ပြောင်းလဲလာပါတော့တယ် တစ်ယောက်ကိုတစ်ယောက် အနိုင်ယူဖို့ ကြိုးစားနေကြတဲ့ ရန်သူနှစ်ယောက်ကြားမှာ အချစ်ဆိုတဲ့ခံစားချက်က တဖြည်းဖြည်း ဝင်ရောက်လာတဲ့အခါ... CH3 ကနေ အသစ်စက်စက်ထွက်ရှိထားတဲ့ BL ဇာတ်ကားလေ…
Seasons
- Season 1 (1 Episodes)