Love For You (2026)

Love For You

သာ့ကျားတို့ကို Road to success နဲ့အတူ အပြိုင်ကြည့်ရမဲ့ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းက ပရိသတ်တွေ အသည်းစွဲဖြစ်ခဲ့တဲ့ အချစ်ဒရမ်မာ Lighter & Princess ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာရဲ့လက်ရာဖြစ်ပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့အငွေ့အသက်နဲ့အတူ နာကျင်စရာအတိတ်၊ သံယောဇဉ်နဲ့ ပြန်လည်ဆုံတွေ့ခြင်းကို အဓိကပုံဖော်ထားတာပါ။ ဒီကားမှာ ကိုကို Song Wei Long နဲ့ Legend of Zhang Hai ထဲက မမလှလှလေး Zhang Jing Yi တို့က တွဲဖက်သရုပ်ဆောင်ထားကြပါတယ်။ ကိုကိုစုန့်ရဲ့ကားသစ်ဆိုတော့ အေးစက်သလိုလိုနဲ့ အကြင်နာမျက်ဝန်းရွှန်းရွှန်းစားစားတွေကို တစ်ဝကြီးကြည့်ရမှာမို့ ကြည့်ရှုသူအပေါင်း အချိုအစားများပြီး ချောင်းတောင်ဆိုးနိုင်ပါတယ်ဗျို့။ ဇာတ်လမ်းအညွှန်း >>> ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက မိဘချင်း ခင်မင်ကြရာကနေတစ်ဆင့် ချန်ယိနဲ့မြောင်ကျင့်တို့နှစ်ယောက် စတင်သိကျွမ်းခဲ့ကြပါတယ်။ အစပိုင်းမှာတော့ ချန်ယိက မြောင်ကျင့်အပေါ် အမြဲရန်လိုသဘောမကျဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ သူ ဒဏ်ရာရသွားတဲ့အချိန်မှာ မြောင်ကျင့်လေးက ဘေးနားကနေ ကြင်ကြင်နာနာနဲ့ အနီးကပ်ပြုစုပေးခဲ့လို့ နှစ်ဦးကြားက ဆက်ဆံရေးဟာ တဖြည်းဖြည်းနွေးထွေးလာခဲ့ပါတယ်။ ဒါပေမဲ့ ဒီပျော်စရာအချိန်လေးက သိပ်တော့မကြာလိုက်ပါဘူး။ ချန်ယိရဲ့အဖေကွယ်လွန်သွားခဲ့သလို မြောင်ကျင့်ရဲ့အမေကလည်း အစအနမရှိပျောက်ဆုံးသွားခဲ့ပါတယ်။ လူကြီးနှစ်ယောက်ကတော့ အကြောင်းအမျိုးမျိုးကြောင့် ပေါင်းဖက်ခွင့်မရခဲ့ကြပေမဲ့ ကျန်ရစ်ခဲ့တဲ့ကလေးနှစ်ယောက်ကတော့ ဘဝကို အတူတူရုန်းကန်ရင်း တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်မှီခိုအားထားခဲ့ကြပါတယ်။ သူတို့နှစ်ယောက် တက္ကသိုလ်တက်ရမဲ့အရွယ်ကို ရောက်လာတဲ့အခါမှာတော့ မြောင်ကျင့်က ချန်ယိအပေါ်ထားတဲ့ ရင်တွင်းဖြစ်အချစ်တွေကို ရဲရဲဝံ့ဝံ့ဝန်ခံခဲ့ပါတယ်။ ကံဆိုးချင်တော့ အဲဒီအချိန်မှာပဲ ချန်ယိက ကြီးမားတဲ့မီးရှို့မှုကြီ…

Seasons

  • Season 1 (33 Episodes)

You May Also Like