Key to the Phoenix Heart (2026)

ဒီတစ်ခါယူဆောင်လာပေးတာကတော့ ရုပ်ရည်လန်းသလောက် သရုပ်ဆောင်တာတွေကပါ ပျံထွက်ကွက်တိကျတတ်တဲ့ ကိုကိုရှောင်ဟိုရဲ့ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကိုကိုရှောင်ဟိုပါတာမို့ ကောင်းမကောင်းကတော့ ပြေးကြည့်စရာကိုမလိုတာပါ။ ဇာတ်အိမ်က Historical ဇာတ်ကြောင်းကိုမှ Romance ပါးပါးလေးအုပ်ထားတာမျိုးလေးမို့ ကိုကို့အချစ်မျက်ဝန်းတွေကြားနစ်မွန်းရင်း နှလုံးသားလေး ကလိကလိဖြစ်ရမှာအသေချာပါပဲ။ ကိုကိုနဲ့အတူ မမလှလှလေး Ai Mi ကလည်း ပါဝင်ထားပါတယ်။ မမ Ai Mi ကတော့ FoF မှာ Support Role ကနေပါဝင်ခဲ့ပါသေးတယ်။ ရှန်းရှဝူရှတွေနဲ့ မတရားလိုက်ဖက်တဲ့ကိုကိုရှောင်ဟိုအပြင် မမလှလှလေး Ai Mi ကလည်း ထက်မြက်ပြီးဆွဲဆောင်မှုရှိတဲ့ဇာတ်ရုပ်နဲ့ အင်မတန်မှလိုက်ဖက်တာမို့ မကြည့်တဲ့သူက ရူးနေလို့ပါပဲ ချစ်ပြိတ်သတ်ကြီးရေ။ ဇာတ်လမ်းအညွှန်း >>> သာ့ယုံတိုင်းပြည်ရဲ့အင်အားကြီးနယ်စားတစ်ဦးက ပုန်ကန်ခြားနားလိုက်တာမို့ တစ်တိုင်းပြည်လုံးဟာ ဖရိုဖရဲဖြစ်ပြီး စစ်ဘုရင်တွေ နေရာအနှံ့ ထကြွလာခဲ့ကြပါတယ်။ အဲဒီလိုပရမ်းပတာဖြစ်နေတဲ့အခြေအနေထဲမှာ မြောက်ပိုင်းစစ်တပ်ရဲ့သွေးအေးရက်စက်တဲ့ စစ်သေနာပတိချုပ်ရှောင်းဝူယီဟာ ချန်းရှမြို့စားမင်းရဲ့ပုန်ကန်မှုကို နှိမ်နင်းနိုင်ဖို့အတွက် ပရိယာယ်တစ်ခုဆင်ခဲ့ပါတယ်။ အဲဒါကတော့ ပိုက်ဆံသာရမယ်ဆိုရင် သေလူကိုတောင်ထခိုင်းမယ့် ဉာဏ်များလှတဲ့နန်းတွင်းပညာရှိကြီး ရှဲ့ဟွိုင်ကွေ့ရဲ့တစ်ဦးတည်းသောသမီးပျိုလေး ရှဲ့ကျားယွီကို လက်ထပ်ဖို့ပါပဲ။ တော်ဝင်အမိန့်တော်အရထိမ်းမြားလိုက်ရတဲ့ သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲဟာ အချစ်ကြောင့်မဟုတ်ဘဲ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို အသုံးချဖို့အတွက်ပဲ ဖန်တီးထားတာဖြစ်လို့ တကယ့်ကိုကစားကွက်တစ်ခုပါပဲ။ သူတို့နှစ်ယောက်ရဲ့အမူအရာတိုင်းမှာ မာယာတွေဖုံးကွယ်ထားသလို ခြေလှမ်းတိုင်းကလည်း နန်းအာဏာလုပွဲကြီးရဲ့တွက်ချက်မှုတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တော်ဝင်အမ…
Seasons
- Season 1 (28 Episodes)