How I Met Your Mother (2005-2014)

How I Met Your Mother

How I Met Your Mother (2005-2014) အခုတစ်ခါ တင်ဆက်ပေးမယ့် စီးရီးလေးကတော့ Sit-com လောကမှာ အကောင်းဆုံးစာရင်းဝင်တွေထဲက တစ်ခုဖြစ်တဲ့ How I met yor mother ဆိုတဲ့ စီးရီးလေးပါပဲ။ ခေါင်းစဉ်မှာပါတဲ့အတိုင်း ဒီစီးရီးက သူတို့အမေနဲ့ဆုံတွေ့ခဲ့ပုံကို ကလေးတွေကို အဖေကပြောပြနေတဲ့ပုံနဲ့ တင်ဆက်ထားတာပါပဲ။ ဒီစီးရီးက Rating လည်း လန်ပြန်ထွက်နေတဲ့အပြင်ကို ရုပ်ရှင်ပွဲတော်များစွာမှာ ဆုပေါင်း ၂၉ ခု အနိုင်ရထားပြီး ၁၀၂ ဆုအထိ ဆန်ကာတင်စာရင်းလည်း ပါထားပါသေးတယ်။ ပါဝင်တဲ့ဇာတ်ကောင်တွေကတော့ ငါးယောက်ဖြစ်ပြီး... မာရှယ်နဲ့လီလီတို့စုံတွဲရယ် တက်ဒ်..ရော်ဘင် နဲ့ ဒီစီးရီးကိုအဓိကဆွဲဆောင်မှုရှိစေတဲ့ ဘာနီတို့ပါပဲ။ မတူကွဲပြားတဲ့ဇာတ်ကောင်စရိုက်တွေနဲ့ နယူးယောက်မြို့ကြီးအလယ်မှာ ဇာတ်လမ်းအစုံ ပြသနာပေါင်းစုံကို နေ့စဉ်ရင်ဆိုင်ဖြတ်သန်းကြရင်းနဲ့ Sit-com ဇာတ်လမ်းတို့ထုံးစံ ရယ်ရယ်မောမောနဲ့ရှေ့ဆက်သွားပြီး တစ်ခါတစ်လေမှာလည်း မျက်ရည်စို့စရာ ရင်ထဲထိစရာဇာတ်လမ်းလေးတွေလည်း ပါပါသေးတယ်။ ဘဝမှာစိတ်မောစရာတွေနဲ့ ကြုံလာတဲ့အခါမှာ လူတိုင်းဟာ စိတ်ထွက်ပေါက်ရှာတတ်ကြတာ သဘာဝပါပဲ…။ Friends Reunion ဇာတ်ကားလေးကို ကြည့်ဖူးတဲ့သူတွေရှိရင် အဲ့ထဲမှာပါတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ စိတ်ဓာတ်ကျတိုင်း Friends ဇာတ်လမ်းတစ်ပိုင်းလောက် ခွေထိုးကြည့်လိုက်တာပဲဆိုတာကို ခံစားချက်ချင်းတူတဲ့သူတွေ နားလည်ကြပါလိမ့်မယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက Sit-com show တွေကို လူသိတော့သိပ်မများသေးပါဘူး။ ဒါပေမဲ့ ကြည့်ဖူးသူတိုင်းတော့ ဒီလိုရှိုးတွေပဲအမြဲရှာကြည့်ချင်စိတ် ပေါက်သွားလောက်အောင်အထိ တကယ့်ကို ဘဝအမောတွေဖြေဖျောက်ပေးနိုင်တဲ့အရာပါပဲ။အပိုင်းတစ်ပိုင်းကို မိနစ်ပိုင်းပဲကြာတယ်…။ Season တစ်ခုပြီးတစ်ခု ဇာတ်ကောင်တွေနဲ့အတူ လိုက်ပါနေထိုင်ရင်းနဲ့ ဇာတ်လမ်း အဆုံးသတ်သွားရင်တောင် သူတို့ကိုလွမ်းကျန်ခဲ့သလိုဖြစ်နေ…

You May Also Like