Advertisement
Giant

Giant

자이언트

★ 8.1📅 2010👥 7 votes
Drama
Giant (2010) ************* Giant (2010) အပိုင်း 21 မှစ၍ နောက်အပိုင်းများ bioscopeappမှာ တင်ပေးထားပါတယ်.... အကောင့်ဝယ်ပြီးသားသူတွေအလွယ်တကူကြည့်ရှုနိုင်သလို မဝယ်ရသေးတဲ့သူတွေလည်း bioscopeapp.com မှာ ဝယ်ယူကြည့်ရှုနိုင်ပါတယ်။ Viber - 09 2600 96 272 Telegram - @bioscopeapp Email - bioscopeteam01@gmail.com လစဥ်ကြေးကိစ္စများ၊ application နှင့်ပတ်သက်သောကိစ္စများအတွက် Viber/Telegram ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ အပိုင်း 1 မှ 20 ************** ကိုရီးယားဒရမ်မာလောကမှာ Rating ၄၀% ကျော်အထိ စံချိန်တင်ခဲ့တဲ့အပြင် SBS Drama Awards မှာ ဆုပေါင်းများစွာ သိမ်းပိုက်ခဲ့တဲ့ Legend ကားကြီး "Giant" ကိုတင်ဆက်ပေးလိုက်ပါတယ်။ Cast ​တွေအနေနဲ့ မင်းသားကြီး Lee Beom-soo, Park Sang-min တို့အပြင် မင်းသား Joo Sang-wook နဲ့ မင်းသမီး Hwang Jung-eum တို့ရဲ့ လူငယ်ဘဝ အကောင်းဆုံး သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်း ၁၉၇၀ ကာလရဲ့ အိမ်ခြံမြေနဲ့ မြို့ပြဖွံ့ဖြိုးရေး အကွေ့အကောက်တွေကြားမှာ မိဘနှစ်ပါးကို ဆုံးရှုံးပြီး တကွဲတပြား ဖြစ်သွားခဲ့ရတဲ့ မောင်နှမ ၃ ဖော်ရဲ့ ဘဝတိုက်ပွဲကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ အဓိကဇာတ်ကောင် ဂန်းမို (Lee Beom-soo) က အောက်ခြေဘဝကနေ ဆောက်လုပ်ရေးလောကရဲ့ ထိပ်သီးလုပ်ငန်းရှင်ဖြစ်အောင် ကြိုးစားရင်း မိသားစုကို ဖျက်ဆီးခဲ့တဲ့ အာဏာရှင် ရန်သူဟောင်းကြီးကို ပညာသားပါပါ ကလဲ့စားချေပုံကို အားရပါးရ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒါ့အပြင် ရန်သူ့သားနဲ့ ချစ်သူဖြစ်သွားတဲ့ ညီမဖြစ်သူ အီမီဂျူ (Hwang Jung-eum) ရဲ့ အသည်းကွဲဇာတ်လမ်းနဲ့ ထောက်လှမ်းရေးအရာရှိဖြစ်လာတဲ့ အစ်ကိုကြီး အီ​ဆောင်းမို (Park Sang-min) တို့ရဲ့ ဇာတ်လမ်း​တွေကိုလည်း ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူရမှာပါ။ မိသားစုကလဲ့စားချေမှု၊ စီးပွားရေးလောကရဲ့ ပြိုင်ဆိုင်မှု​တွေနဲ့ နိုင်ငံရေးအရှုပ်အထွေးတွေကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ပြထားတာမို့ အပိုင်း ၆၀ ဆိုတာတောင် ကြည့်လို့မဝဖြစ်ရမှာပါ။ Classic ဆန်ပြီး အနှစ်ရှိတဲ့ ဇာတ်ကားကောင်းတွေကိုမှ ကြိုက်တတ်တယ်ဆိုရင်တော့ ဒါဟာ မဖြစ်မနေ ကြည့်သင့်တဲ့ Masterpiece တစ်ခုဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်နော်။ Episodes: 60 Aired: May 10, 2010 - Dec 7, 2010 Aired On: Monday, Tuesday Original Network: SBS Duration: 1h 10m Genres: Thriller, Business, Romance, Melodrama
Advertisement

Download Links

Season 120 Episodes
Advertisement