Genius Girlfriend (2026)

ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ ကျောင်းသားအချစ်ဇာတ်အိမ်ပုံစံလေးပါ။ မတူတာက ဒီဇာတ်လမ်းထဲမှာ ဟိုက်ပါဉာဏ်ကြီးရှင်လေးက Female Lead ဖြစ်နေတာပါပဲ။ ဒီဇာတ်လမ်းက စာရေးဆရာမ Su Guang Tong ရဲ့နာမည်ကြီး Student Life Web Novel (Tian Cai Nv You) ကို အခြေခံရိုက်ကူးထားတာမို့ ကျောင်းသားဘဝ ရင်ခုန်စရာနွေးထွေးမှု၊ အချစ်နဲ့သံယောဇဉ်နှောင်ကြိုးရစ်ငင်မိမှုတွေကို တစ်ဝကြီးခံစားရစေမှာပါ။ အဓိကဇာတ်ဆောင်တွေအဖြစ် POJ မှာ လင်ထိပ်ထားစံလေးဖြစ်ခဲ့တဲ့ မမ Tian Xi Wei နဲ့ ပြိတ်သတ်တို့ရဲ့အသည်းစွဲလေးဖြစ်တဲ့ ခပ်ချေချေကိုလူချောလေး Hu Yi Tian တို့က လိုက်ဖက်ညီညီပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ဉာဏ်ရည်ထက်မြက်လွန်းတဲ့ ပါရမီရှင်မလေး လင်ကျစ်ရှားဟာ ပွင့်လင်းပေမဲ့ ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းလို့ ငယ်စဉ်ကတည်းက သူငယ်ချင်းဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကံတရားရဲ့အကူအညီကြောင့် ပြည်နယ်ရဲ့ထိပ်တန်းအထက်တန်းကျောင်းကို တက်ရောက်ရင်း ပုစ္ဆာဖြေရှင်းပြိုင်ပွဲတစ်ခုကနေတစ်ဆင့် နာမည်ကြီးသွားခဲ့ပါတယ်။ အဲလိုနဲ့ ဆိုရှယ်ကောင်းတဲ့ထိပ်တန်းကျောင်းသား ကျန်းယွီပိုင်နဲ့ စတင်ဆုံတွေ့ခဲ့ပြီး အတန်းဖော်တွေဖြစ်လာကြပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းလွန်းတဲ့ ကျန်းယွီပိုင်ဟာ လင်ကျစ်ရှားကို လူမှုဆက်ဆံရေးကောင်းမွန်လာအောင် ကူညီပေးခဲ့ပြီး ထန်တင်းတင်း၊ သွမ့်ချီယန်၊ ရှန်ဖုရွှမ်နဲ့ ကျင်းပိုင်ဟွေ တို့လိုသူငယ်ချင်းကောင်းတွေနဲ့ပါ မိတ်ဆက်ပေးခဲ့ပါတယ်။ လင်ကျစ်ရှားကလည်း ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကျန်းယွီပိုင်ကို စာပြန်ပြပေးခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ ပြိုင်ဆိုင်မှုကနေတစ်ဆင့် အပြန်အလှန်ကူညီဖေးမကြတဲ့အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်လာခဲ့ကြပါတော့တယ်။ သူတို့နှစ်ဦးဟာ အတန်းဖော်ရဲ့လိမ်လည်လှည့်ဖြားခံရမှုကို အတူတကွဖြေရှင်းပေးခဲ့ကြသလို ကလပ်လှုပ်ရှားမှုတွေမှာပါဝင်ပြီး ပြည်နယ်အဆ…
Seasons
- Season 1 (28 Episodes)