Fairway of Love (2026)

Fairway of Love

"အချစ်မြက်ခင်းစိမ်း" "ဂေါက်ရိုက်ရင် Hole in One ဖြစ်ဖို့လိုပေမဲ့... အချစ်မှာတော့ Fall in Love ဖြစ်ဖို့ပဲ လိုတယ်..." ယူတို့အတွက် ရှယ်ကြွေရမဲ့ Thai GL ဇာတ်ကားသစ်လေးတစ်ခု ထွက်ရှိလို့လာပါပြီ။ "Fairway of Love (2026)" ဆိုတဲ့ ဒီကားလေးကတော့ Enemies to Lovers Vibe မျိုးကိုမှ သဘောကျပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် ကွက်တိပါပဲ။ ဇာတ်လမ်းအကျဉ်းလေးကတော့... နာနာ ဆိုတာ ဂေါက်ကွင်းသူဌေးကြီးရဲ့ သမီး ဥရောပမှာ ဖက်ရှင်ပညာကို သွားသင်နေတဲ့ အလိုလိုက်ခံထားရတဲ့ အသည်းကျော်လေးပေါ့။ ဒါပေမဲ့ အဖေ့ရဲ့ ဂေါက်ကွင်းလုပ်ငန်းကြီး အကျပ်အတည်းဖြစ်ပြီး ပျက်ကိန်းဆိုက်လာတဲ့အခါမှာတော့ လုပ်ငန်းကိုကယ်တင်ဖို့ နာနာတစ်ယောက် ဥရောပကနေ အရေးပေါ် ပြန်ရောက်လာပါတော့တယ်။ အဲဒီမှာ သူနဲ့ ထိပ်တိုက်တွေ့တာကတော့ "ပရိုဝီ" ဆိုတဲ့ ကောင်မလေးပါပဲ။ ပရိုဝီက အရင်က နာမည်ကြီး ဂေါက်ရိုက်သမားဟောင်းဖြစ်ပြီး အခုတော့ နာနာတို့ ဂေါက်ကွင်းရဲ့ အဓိကနည်းပြ ပရိုတစ်ယောက်ပေါ့။ ပရိုဝီက စည်းကမ်းအရမ်းကြီးသလို၊ အလုပ်မှာလည်း အရမ်းတင်းကျပ်တဲ့သူပါ။ ကိုယ်က ဂေါက်ရိုက်တာကို အသက်တမျှ တန်ဖိုးထားပေမဲ့ သူဌေးသမီး နာနာက ဂေါက်ရိုက်တဲ့အကြောင်း နကန်းတစ်လုံးမှ နားမလည်တော့ နာနာ့ကိုဆို ကြည့်ကိုမရဖြစ်နေတာပေါ့။ ဒါပေမဲ့ ပြိုလဲတော့မဲ့ ဂေါက်ကွင်းကြီးကို ပြန်ကယ်တင်ဖို့အတွက် သူတို့နှစ်ယောက် မဖြစ်မနေ ပူးပေါင်းရတော့မဲ့အခါ... အမြင်မကြည်ရာကနေ နက်ရှိင်းတဲ့ ရိုမန့်တစ်ဆက်ဆံရေးတစ်ခုအဖြစ် နှလုံးသားတွေ ဘယ်လိုနီးစပ်သွားကြမလဲ။ စည်းကမ်းကြီးတဲ့ ဆရာမကြီးနဲ့ ဖက်ရှင်ကျကျ သူဌေးသမီးလေးတို့ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လောက်တောင် ရင်ခုန်စရာကောင်းမလဲဆိုတာ ကြည့်ရှုရမှာပါ။ ဒီကြားထဲမှာ ပြိုင်ဘက်ဂေါက်ကွင်းက အရည်အချင်းရှိတဲ့ ဂေါက်ရိုက်သမား "ပရိုဂျင်" ကလည်း သူတို့ရဲ့ ရည်မှန်းချက်တွေကို အဟန့်အတားဖြစ်အောင် ဝင်နှောင့်ယှက်ပါသေးတယ်။ အဲဒ…

Seasons

  • Specials (1 Episodes)
  • Season 1 (8 Episodes)

You May Also Like