East of Eden (2026)

East of Eden (2026) Season 01 ( စ/ဆုံး ) ဒီ ဇာတ်လမ်းတွဲကို Netflix ကနေ Limited Series အနေနဲ့ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ထူးခြားတာက ၁၉၅၅ ခုနှစ်တုန်းက နာမည်ကြီးခဲ့တဲ့ မူရင်းရုပ်ရှင်ကို ဒါရိုက်တာ Elia Kazan က ရိုက်ကူးခဲ့တာဖြစ်ပြီး၊ အခု စီးရီးသစ်ကိုတော့ သူ့ရဲ့ မြေးဖြစ်သူ မင်းသမီးရော ဇာတ်ညွှန်းရေးဆရာမပါ ဖြစ်တဲ့ Zoe Kazan က ကိုယ်တိုင် ဇာတ်ညွှန်းရေးသား ဖန်တီးထားတာပါ။ အဓိက သရုပ်ဆောင်တွေအနေနဲ့ Florence Pugh က ဇာတ်လမ်းရဲ့ အဓိက ဗီလိန်လို့ ပြောလို့ရတဲ့ Cathy Ames နေရာမှာ ပါဝင်ထားပြီး၊ Christopher Abbott က Adam Trask အဖြစ်၊ Mike Faist က Charles Trask အဖြစ်နဲ့ Hoon Lee က Lee အဖြစ် အသီးသီး ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်း အစအဆုံးကို ဒါရိုက်တာ Garth Davis က ရိုက်ကူးပေးထားတာပါ။ ဇာတ်လမ်းအညွှန်း ဇာတ်လမ်းကတော့ ကယ်လီဖိုးနီးယားပြည်နယ်က Salinas တောင်ကြားမှာ နေထိုင်ကြတဲ့ Trask မိသားစုနဲ့ Hamilton မိသားစုတို့ရဲ့ မျိုးဆက်နှစ်ခုစာ ရှုပ်ထွေးလှတဲ့ ကံကြမ္မာတွေကို ရိုက်ကူးပြသထားတာပါ။ Adam နဲ့ Charles ဆိုတဲ့ ညီအစ်ကို နှစ်ယောက်ကြားက အားပြိုင်တာတွေ၊ သူတို့ဘဝထဲကို လှည့်စားတတ်ပြီး အန္တရာယ်များတဲ့ Cathy ဆိုတဲ့ မိန်းမလှလေး တစ်ယောက် ရောက်လာတဲ့အခါမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေကို အဓိကထား ရိုက်ကူးထားပါတယ်။ အဲဒီနောက်မှာတော့ Adam နဲ့ Cathy တို့ရဲ့ အမြွှာသားနှစ်ယောက်ဖြစ်တဲ့ Caleb နဲ့ Aron တို့ဆီကို ဇာတ်လမ်းက ကူးပြောင်းသွားပြီး ညီအစ်ကိုတွေကြားက အမုန်းတရားရော၊ ဖခင်ရဲ့ အချစ်ကို အလုအယက် ရယူချင်တာတွေကိုရော သည်းထိတ်ရင်ဖို ကြည့်ရှုရမှာပါ။ မိသားစုတွင်း လျှို့ဝှက်ချက်တွေ၊ သစ္စာဖောက်တာတွေနဲ့ လူ့သဘာဝရဲ့ အလင်းရော အမှောင်ကိုပါ သေသေချာချာ ပုံဖော်ပေးထားတဲ့ ဇာတ်လမ်းကောင်း တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို နာမည်ကျော် အမေရိကန် စာရေး…
Seasons
- Limited Series (7 Episodes)