Dazzling (2026)

Dazzling

အခုတစ်ခါတော့ မြို့ပြနဲ့နယ်မြို့လေးကြားက လူငယ်ဘဝအလွမ်းအဆွေး Vibe လေးရော၊ နှစ်အတော်ကြာမှ ပြန်ဆုံကြတဲ့ခံစားချက်လေးပါ ပေါ်လွင်အောင်ရိုက်ကူးထားတဲ့အပြင် စာဂျပိုးလေးနဲ့စာကလွဲ အကုန်လုပ်တဲ့သူတို့ကြားက ချစ်စရာကလိကလိလေးတွေကိုပါ ခံစားရစေမဲ့ လူငယ်သဘာဝချစ်ဇာတ်လမ်းသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းက လူငယ်သဘာဝကိုမှ ပြန်ဆုံစည်းတဲ့ချစ်မေတ္တာအကြောင်းကိုပါ သေချာရိုက်ကူးပြထားမို့ တော်တော်လေး Emotional ဖြစ်ပြီး အေးအေးချမ်းချမ်းနဲ့ကြည့်ရမယ့် ကားကောင်းလေးပါ။ ဒီဇာတ်လမ်းမှာ Rebirth နဲ့ Blossomတို့ရဲ့ Super Star ဖြစ်တဲ့ ကိုကို Li Yun Rui နဲ့ Our Dazzling Days မှာ ချစ်စဖွယ်ကောင်မလေးအဖြစ်ပါဝင်ခဲ့တဲ့ မမလှလှလေး Guan Xiao Tong တို့က ကမ်မီမိမိ ပါဝင်ထားကြပါတယ်။ ဒါ့အပြင် မင်းသားနဲ့မင်းသမီးကလဲ စိမ်းမနေတော့ ပိုကြည့်ကောင်းမှာအသေချာပါပဲ။ ဇာတ်လမ်းအညွှန်း >>> အထက်တန်းကျောင်းနောက်ဆုံးနှစ် ရောက်ခါနီးမှာပဲ မိသားစုရဲ့ရုတ်တရက်အရေးပေါ်အခြေအနေတစ်ခုကြောင့် ချင်းယဲ့တစ်ယောက် ဇာတိမြို့ငယ်လေးကို ပြန်လာခဲ့ရပါတယ်။ တစ်ဘဝလုံးနီးပါးကို လူစည်ကားပြီး သာယာဝပြောတဲ့မြို့ကြီးပြကြီးမှာပဲ ဖြတ်သန်းခဲ့ရတာမို့လို့ ချင်းယဲ့အတွက်တော့ ဒီမြို့လေးရဲ့ပတ်ဝန်းကျင်သစ်မှာ အသားကျဖို့က တကယ်ကိုခက်ခဲလွန်းလှပါတယ်။ ဒါကြောင့်ပဲ အခွင့်အရေးရတာနဲ့ ဒီမြို့ကနေ ချက်ချင်းပြန်ထွက်သွားမယ်လို့ တိတ်တဆိတ်ဆုံးဖြတ်ထားတာပေါ့လေ။ ဒါပေမဲ့ စာသင်ရတာအဆင်မပြေဘဲ ရုန်းကန်နေရတဲ့ရှင်းဝူနဲ့ ဆုံတွေ့ပြီးတဲ့နောက်မှာတော့ သူ့အစီအစဉ်တွေ စတင်ပြောင်းလဲလာခဲ့ပါတယ်။ ချင်းယဲ့ဟာ ရှင်းဝူတစ်ယောက် အထက်တန်းကျောင်းပြီးဆုံးပြီး အောင်မြင်စွာဘွဲ့ရနိုင်ဖို့အတွက် စိတ်ရှည်လက်ရှည်ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘဝရည်မှန်းချက်တွေရော၊ စရိုက်တွေပါ လုံးဝကွဲပြားခြားနားကြပေမဲ့ အတူတူရှိနေတဲ့အချိန်တွေ ကြာလာတာနဲ့အ…

Seasons

  • Season 1 (30 Episodes)

You May Also Like