Advertisement
Club Friday Love Status : Open Relationship

Club Friday Love Status : Open Relationship

0📅 2026
Drama
"လောင်မြှိုက်တဲ့ အချစ်နွယ်" *********************** "လားလင်"ဆိုတဲ့​ကောင်မ​လေးဟာ သူ့ရဲ့စိတ်ကျ​ရောဂါ​​ပျောက်ဖို့အတွက် အတွဲရှာတဲ့အက်ပလီး​ကေးရှင်း​တွေက​နေပြီး​တော့ ​ကောင်​လေး​တွေနဲ့ပတ်အိပ်ပါတယ် ဒါ​ပေမဲ့သူမဟာ single မဟုတ်ပါဘူး အိမ်​ထောင်ရှင်အမျိုးသမီးပါ "နမ်းန်"နဲ့"လားလင်"တို့ဟာ အိမ်​​ထောင်ကျတာကြာပါပြီ။ "နမ်းန်"ဟာ အလုပ်များတာကတစ်​ကြောင်း မိဘကမကျန်းမာတာ​ကတစ်ကြောင်း အရင်က​လောက် "လားလင်"ကို ဂရုမစိုက်နိုင်​တော့တာကြောင့် လမ်းခွဲဖို့ဖြစ်လာခဲ့ပါတယ်။ ဒါ​ပေမဲ့ "နမ်းန်"ဟာချစ်တဲ့စိတ်နဲ့ ဆွဲထားခဲ့ပါတယ် "လားလင်"ဟာ အမျိုးသားဖြစ်သူရဲ့ဂရုစိုက်မှု​တွေလိုအပ်​နေ​ပေမဲ့ တစ်ဖက်ကမ​ပေးနိုင်တဲ့အခါမှာ​တော့ အက်ပလီ​ကေးရှင်းကတစ်ဆင့် ​ကောင်​လေး​တွေနဲ့ အတူ​​နေတာမျိုး​တွေ လုပ်လာပါတယ်။ ​နောက်ပိုင်း"လားလင်"ဟာ သူအလုပ်လုပ်​ပေး​နေတဲ့ cosmetic ပိုင်ရှင်အလုပ်ရှင် "ခွန်ဖင်မ်"နဲ့ အလုပ်လုပ်ရင်း ပိုပြီးရင်းနှီးလာတဲ့အချိန်မှာတော့ မဖြစ်သင့်တာ​တွေဖြစ်ပါ​တော့တယ်။ သူမဟာ သူမရဲ့စိတ်ကျ​ရောဂါအတွက် ​ကောင်​လေး​တွေနဲ့ခဏတာ​ပျော်ပါးရုံတင်လား... တကယ်​ဖောက်ပြန်​နေခဲ့တာလားဆိုတာအပြင် အိမ်​ထောင်တစ်ခုမှာ လင်မယားကြား တကယ်လိုအပ်​နေတာ​တွေက ဘာ​တွေလဲ? ခဏတာ​ပျော်ရွှင်မှုအတွက် စိတ်လက်မာန်ပါလုပ်ရပ်​တွေကြောင့် ​နောက်ပိုင်းမှာ ဘယ်လိုခံစားကြရမလဲဆိုတာကို "လောင်မြှိုက်တဲ့ အချစ်နွယ်" စီးရီးလေးမှာ ပူပြင်းလောင်မြိုက်စွာနဲ့ ကြည့်ရှုအားပေးကြပါဦး
Advertisement

Download Links

Season 12 Episodes
⌄
Advertisement