Blossoms of Power (2026)

Blossoms of Power

ဒီတစ်ခါ ယူဆောင်လာတဲ့ဇာတ်လမ်းလေးကတော့ FML နဲ့ ML တို့ရဲ့အားပြိုင်မှုကြားက အချစ်ရိပ်တစ်စွန်းတစ်စကိုပါ မြင်တွေ့ရမဲ့ဇာတ်အိမ်မျိုးလေးပါ။ ဒီဇာတ်လမ်းက Tencent ကနေထုတ်လွှင့်ပြသတဲ့ Historical Political Romance အမျိုးအစားဖြစ်ပြီး စာရေးဆရာမ Jin Huang ရဲ့နာမည်ကြီးဝတ္ထု Wo Hua Kai Hou Bai Hua Sha ကိုအခြေခံပြီး ရိုက်ကူးထားတာမို့ တော်တော်လေးဇာတ်အိမ်ခိုင်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ Speed & Love မှာ ချစ်လူမိုက်လေးဖြစ်ခဲ့တဲ့ ကိုကို He Yu နဲ့ The Princess's Gambit မှာ ရူပကာလဲလှ ပရိယာယ်လည်း ကြွယ်ပြခဲ့တဲ့ မမ Meng Zi Yi တို့က တွဲဖက်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း>>> သွေးချောင်းစီးသတ်ဖြတ်မှုကြီးတစ်ခုထဲကနေ တစ်ဦးတည်းသောရှင်သန်ကျန်ရစ်သူဖြစ်ခဲ့တဲ့ကုချင်းကျစ်ဟာ ပြန်လည်နိုးထလာချိန်မှာတော့ အနောက်မြောက်ဒေသရဲ့မင်းသမီးလေး ရှန်ရှီးဟယ်ဆိုတဲ့ မတူညီတဲ့ဘဝအသစ်တစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ တစ်ချိန်ကတော့ သူဟာ နယ်စပ်ဒေသရဲ့ဂုဏ်ယူဝံ့ကြွားပြီး တက်ကြွလန်းဆန်းတဲ့နှင်းဆီနီလေးတစ်ပွင့် ဖြစ်ခဲ့ဖူးပေမဲ့ အခုအချိန်မှာတော့ ကံကြမ္မာကို ကိုယ်တိုင်ကြိုးကိုင်ပြီး အာဏာကစားပွဲကြီးကိုလွှမ်းမိုးချုပ်ကိုင်နိုင်ဖို့အတွက် အေးစက်စက်နဲ့ အကွက်စိပ်စိပ်တွက်ချက်တတ်တဲ့လူတစ်ယောက်အဖြစ် လုံးဝပြောင်းလဲသွားခဲ့ပါပြီ။ တစ်ဖက်မှာလည်း အိမ်ရှေ့စံမင်းသား ရှောင်ဟွားယုံဟာ အပြင်ပန်းမှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အားနည်းချို့တဲ့ပြီး အသည်းအသန်ဖြစ်နေပုံရပေမဲ့ ဦးနှောက်ကတော့ ဓားသွားထက်မက ထက်မြက်လှတာမို့ နန်းတွင်းထဲက သစ္စာဖောက်မှုတွေနဲ့လှိုင်းတံပိုးတွေကို အကုန်အစင်ထိုးထွင်းမြင်နိုင်သူပါ။ ကံကြမ္မာရဲ့စီမံမှုကြောင့် သူတို့နှစ်ယောက်ရဲ့ဘဝချင်း ထပ်တူကျလာတဲ့အခါမှာတော့ တစ်ဦးနဲ့တစ်ဦး တဖြည်းဖြည်းပိုမိုနီးစပ်လာခဲ့ကြပြီး ကံကြမ္မာရဲ့လေပြင်းမုန်တိုင်းတွေကို အတူတူပူးပေါင်း…

Seasons

  • Season 1 (36 Episodes)

You May Also Like