The Tunnel (2014)

The Tunnel (2014) ******************** 2014 ခုနှစ်က ထွက်ရှိထားတဲ့ Horror ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ Queen Woo ထဲမှ မင်းသမီး Jung Yu-Mi နဲ့ A Virtuous Business , Daily dose of sunshine ထဲမှ မင်းသား Yeon Woo-Jin တို့က အဓိကအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး အခြားသောသရုပ်ဆောင်များကလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း ************* သူငယ်ချင်းအုပ်စုတစ်စုဟာ မိုင်းတွင်းတစ်ခုအနီးမှာရှိတဲ့ အဆင့်မြင့်အပန်းဖြေစခန်းတစ်ခုရဲ့ ပါတီပွဲ တစ်ခုကို သွားကြပါတယ်။ ပါတီပွဲအတွင်းကို ထူးဆန်းတဲ့ မိုင်းတွင်းလုပ်သားဟောင်းကြီး ရောက်လာပြီး အားလုံးသေရမဲ့ ကျိန်စာအကြောင်းကို သတိပေးသွားခဲ့ပါတယ်။ အဲဒီညမှာပဲ သူတို့ဟာ မိုင်းတွင်းလှိုဏ်ခေါင်းထဲကို ရောက်သွားကြပြီးတော့ ဘယ်လိုကိစ္စတွေနဲ့ ကြုံတွေ့ရမလဲ.... ဘာကြောင့် ရောက်သွားကြတာလဲ....သူတို့တွေ နေအလင်းရောင်ကို ပြန်မြင်ကြရပါ့မလားဆိုတာကို ထိတ်တလန့်လန့် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ File size…1.83GB / 776MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 26 min. Genre …..Thriller, Horror, Drama Subtitle….Myanmar Subtitle (Hard Sub)