Appofeniacs (2026)

Appofeniacs

Genres: Horror · Thriller

Appofeniacs (2026) IMDb Rating (5.9) / Rotten Tomatoes (90%) ဒီဇာတ်ကားလေးမှာတော့ အေအိုင်ဟာ ဒီထက်ပိုတိုးတက်လာပြီး လက်တွေ့နဲ့မခြား ရုပ်ပုံတွေ၊ ဗီဒီယိုတွေကို ဖန်တီးနိုင်လာရင် မသမာသူတွေလက်ထဲမှာ ဘယ်လောက်တောင် အန္တရာယ်များသွားနိုင်လဲဆိုတာကို သွေးသံတရဲရဲနဲ့ စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘိန်းစားတစ်ယောက်ဟာ အကြောင်းတိုက်ဆိုင်လာပြီး အေအိုင်ကို အသုံးပြုကာ Deepfake ပုံတွေ၊ ဗီဒီယိုတွေကို အစစ်နဲ့မခြား ပြုလုပ်နိုင်တဲ့ အက်ပလီကေးရှင်းတစ်ခုကို သွားတွေ့ခဲ့ပါတယ်။ သူဟာ အဲဒီအေအိုင်ကို သုံးပြီး လိုင်းပေါ်က လူတွေရဲ့ ပုံတွေ၊ ဗီဒီယိုတွေ၊ သူတို့အသံတွေကို အသုံးပြုပြီး အက်ပ်ထဲမှာ Deepfake တွေကို ဖန်တီးကာ စိတ်ကြိုက် သောင်းကျန်းပါတော့တယ်။ သူဟာ ကောင်မလေးတစ်ယောက်ကို သူ့ရည်းစားရဲ့ အချစ်ဆုံးနဲ့ ခိုးစားနေတဲ့ ဗီဒီယိုတွေ၊ လူဖြူအမျိုးသမီးတစ်ယောက်က လူမဲတစ်ယောက်ကို လမ်းပေါ်မှာ လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေသုံးပြီး ဆဲရေးတိုင်းထွာနေတာတွေ ဒီလို deepfake ဗွီဒီယိုတွေကို ဖန်တီးပြီး လိုင်းပေါ်မှာ ဖြန့်လိုက်တဲ့အခါမှာ အဖြန့်ခံရတဲ့သူတွေရဲ့ လက်တွေ့ဘဝမှာ ဘယ်လောက်တောင် ငါးပါးမှောက် ဗြောင်းဆန်းကုန်သလဲဆိုတာတွေကို ရင်တုန်ပန်းတုန် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size… (1 GB) / (640 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Thriller Duration…. 01:29:46 Subtitle…. Myanmar Subtitle (Hardsub)

You May Also Like