Advertisement
The Hills Run Red

The Hills Run Red

★ 5.8📅 2009⏱ 81 min👥 340 votes
HorrorThriller

Director: Dave Parker

"Trespassers will be slaughtered..."

The Hills Run Red (2009) IMDb Rating (5.4) / Rotten Tomatoes (50%) တိုင်လာဟာ ရုပ်ရှင်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ၁၉၈၀ ပြည့်လွန်နှစ်တွေက ရိုက်ကူးခဲ့တဲ့၊သမိုင်းမှာကြောက်စရာအကောင်းဆုံးလို့ဆိုကြတဲ့ "The Hills Run Red" ရုပ်ရှင်ကိုအရူးအမူးစွဲလန်းနေတာပါ။ အခုချိန်မှာတော့အဲ့ဒီဇာတ်ကားရဲ့ ဒါရိုက်တာ Wilson Wyler Concannon ရော၊ ရုပ်ရှင်ဖလင်တွေရော အစအနမကျန် ပျောက်ကွယ်နေတာ ဖြစ်ပါတယ်။ ဒါရိုက်တာရဲ့သမီးဖြစ်သူကို ကံကောင်းထောက်မစွာခြေရာခံပြီးတဲ့နောက် အဲ့ဒီဇာတ်ကားကိုရိုက်ကူးခဲ့ရာ တောအုပ်နဲ့ဒါရိုက်တာရဲ့ နေအိမ်ကိုသွားရှာတဲ့အချိန်မှာတော့ ဇာတ်ကားထဲက Babyface ဆိုတဲ့လူသတ်သမားနဲ့ သူတို့သူငယ်ချင်းတစ်စု အမှန်တကယ်ရင်ဆိုင်ရပါတော့တယ်။ ဒီ Babyface ဆိုတဲ့ လူသတ်သမားဟာလူအစစ်ဖြစ်ရဲ့လား? ဒါရိုက်တာ ပျောက်ဆုံးမှုနဲ့ ဇာတ်ကားနောက်ကွယ်က လျှို့ဝှက်ချက်တွေက ဘာတွေရှိမလဲ? 1980 ပြည့်လွန်နှစ်တွေရဲ့ Slasher ကားတွေရဲ့ အငွေ့အသက်ဖြစ်တဲ့ အရောင်တောက်တောက်တွေ သွေးသံရဲရဲပြကွက်တွေ ဖောဖောသီသီပါဝင်ပြီး လှည့်ကွက်တွေကိုပါ တစ်ရစ်ချင်းဖြည်ချသွားပါသေးတယ်။ The Hostel တို့ The Hills have eyes တို့လို ရက်ရက်စက်စက်သတ်ဖြတ်ခန်းတွေ၊ စိမ်ပြေနမြေနှိပ်စက်တာတွေပါဝင်တာကြောင့် သွေးထွက်သံယို အကြမ်းစား ပရိသတ်တွေနှစ်သက်ကြမှာပါ။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (2 GB) / (1 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Thriller Duration…. 01:22:06 Subtitle…. Myanmar Subtitle (Hardsub)
Advertisement

Download Links

BluRay1080p2 GB
BluRay720p1 GB
Advertisement