Tell Me Some Creepier Stories (2026)

Genres: Horror
Tell Me Some Creepier Stories (2026) ဇာတ်လမ်းတို ၅ ပုဒ်နဲ့ဖွဲ့စည်းထားတဲ့ဒီကားမှာ ကြောက်စရာကောင်းတဲ့သဘာဝလွန်ဖြစ်ရပ်တွေကို မတူညီတဲ့ရှုထောင့်တွေကနေ ထူးခြားဆန်းပြားအောင် ရိုက်ကူးတင်ဆက်ပေးထားပါတယ်။ ဇာတ်လမ်းတွေအားလုံးမှာ သွေးထွက်သံယိုပြကွက်တွေ၊ ရွံရှာစရာပြသမှုတွေနဲ့ ခြောက်ခြားစရာတွေပါဝင်တာကြောင့် ကလေးငယ်လေးတွေကြည့်ရှုဖို့ မသင့်တော်ပါဘူး။ ၁။ သွေးစွန်းတဲ့စပျစ်ဝိုင် စပျစ်သီးတွေကို တိရစ္ဆာန်ရဲ့ကိုယ်တွင်းအင်္ဂါတွေနဲ့ မြေဩဇာကျွေးပြီး ထူးခြားတဲ့ဝိုင်အရသာကို ထုတ်လုပ်နေတဲ့လျှို့ဝှက်စပျစ်ခြံကြီးတစ်ခုဆီကို ဝိုင်ဝါသနာအိုးအမျိုးသမီးတစ်ယောက်က သုတေသနပြုဖို့ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ခြံပိုင်ရှင်ရဲ့စိတ်ပျက်စရာလျှို့ဝှက်ချက်ကြီးကို မတော်တဆသိရှိသွားချိန်မှာတော့ ပြေးထွက်ဖို့ နောက်ကျသွားခဲ့ပါပြီ။ အချိုမြိန်ဆုံးဝိုင်တစ်ခွက်အတွက် သွေးစက်အဖြစ် ပေးဆပ်လိုက်ရပါတော့တယ်။ ၂။ စစ်ပြန်ရဲ့ပြောင်းလဲမှု စစ်ပွဲအတွင်းကနေ အိမ်ပြန်ရောက်လာတဲ့အစ်ကိုဖြစ်သူဟာ အရင်ကလိုမဟုတ်တော့ပါဘူး။ သူ့အမူအရာ၊ အပြုအမူနဲ့စိတ်ထားတွေဟာ ထူးဆန်းစွာပြောင်းလဲနေခဲ့ပြီး သူ့ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်ထဲမှာ တစ်စုံတစ်ခုက ပုန်းကွယ်နေမှန်း ညီမဖြစ်သူ သတိထားမိလာပါတယ်။ စစ်ပွဲကနေ ပြန်လည်လွတ်မြောက်လာခဲ့တာ သာမန်လူတစ်ယောက်လား ဒါမှမဟုတ် ခန္ဓာကိုယ်ကိုဝါးမြိုထားတဲ့မိစ္ဆာဆိုးတစ်ခုလားဆိုတာ စိတ္တဇဆန်ဆန်ရိုက်ကူးထားတာဖြစ်ပါတယ်။ ၃။ ကျောထက်က တိပ်ခွေကြိုး အိပ်ရာထဲလဲနေတဲ့အမေအိုကြီးကို စောင့်ရှောက်ဖို့ စီးပွားရေးအခက်အခဲတွေကြားကနေ ပိုင်ဆိုင်သမျှပစ္စည်းတွေကို တစ်ခုပြီးတစ်ခုပေါင်နှံရင်း ရုန်းကန်နေရတဲ့သမီးဖြစ်သူဟာ လေးလံလှတဲ့ ဘဝဝန်ထုပ်ဝန်ပိုးတွေနဲ့အတူ သူ့ကျောကုန်းပေါ်မှာ ထူးဆန်းတဲ့အသားပိုဘုကြီးတစ်ခု စတင်ထွက်ပေါ်လာပါတယ်။ အဆိုးရွားဆုံးကတော့ အဲဒီအသားဘုထဲကနေ မကောင်းဆိုးဝါးတိပ်ခွေကြို…