Soul Snatcher (2026)

Soul Snatcher

Genres: Horror

Soul Snatcher (2026) ဒီဇာတ်ကားလေးကတော့ သားအဖနှစ်ယောက် ဝိညာဉ်တစ်ကောင်ဆီကနေ ဘယ်လိုလွတ်မြောက်အောင် ဖြတ်ကျော်ကြမလဲဆိုတာကို ကြည့်ရမဲ့ ဗီယက်နမ်ဟော်ရာဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဟန်ဆိုတဲ့ သက်လတ်ပိုင်းအမျိုးသားမှာ ခွိုင်ဆိုတဲ့ ၁၁ နှစ်အရွယ် သားလေးတစ်ယောက်ရှိပြီးတော့ သူဟာ သတင်းထောက်တစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ သတင်းစာတိုက်မှာ အလုပ်လုပ်ရတာကို သေလောက်အောင် စိတ်ကုန်နေပါတယ်။ ဘာလို့ဆို အထက်လူကြီးက သူတကယ်ဝါသနာပါတာတွေကို ရေးခွင့်မပေးဘဲ သူအားမသန်တဲ့အကြောင်းတွေကိုပဲ ရေးခိုင်းနေတဲ့အတွက် အလုပ်မှာပဲ အတင်းစိတ်နစ်ထားပြီး သားဖြစ်သူကို လုံးဝဂရုစိုက်ဖို့ မေ့နေခဲ့ပါတယ်။ တစ်ဘက်မှာတော့ သားဖြစ်သူဟာ အပြင်မှာ တကယ်မရှိတဲ့ သူ့စိတ်ကူးထဲက သူငယ်ချင်းနဲ့ စကားတွေပြော၊ ရယ်မောရင်းနဲ့ ခင်မင်ရင်းနီးနေကြပါပြီ။ တစ်နေ့မှာတော့ ဟန်ဟာ သားဖြစ်သူ ခွိုင်ကို ပစ်ထားတာကို နောင်တရတဲ့အတွက် ခွိုင်ရဲ့မွေးနေ့မှာ အဖွားရဲ့ ရွာကို ခေါ်လည်ခဲ့ပါတော့တယ်။ ဒါပေမဲ့ လမ်းခုလတ်မှာ မိုးသည်းလာပြီး ဘာမှမမြင်ရတော့တဲ့အတွက် ပထမဆုံး မြင်တဲ့ရွာကို မိုးခိုဖို့ မောင်းဝင်သွားခဲ့ရာကနေ ဘယ်လိုထူးဆန်းတဲ့အဖြစ်တွေနဲ့ ကြုံရပြီး သူတို့တွေ ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size : 1.3 GB/ 750 MB Quality : WEB-DL 1080p/ 720p Format : mp4,mkv Duration : 1hr 43m Genre : Horror, Drama Subtitle : Myanmar Subtitle (Hard Sub)

You May Also Like