Red Rabbit Lodge (2026)

Red Rabbit Lodge

Genres: Horror

Red Rabbit Lodge (2026) (ဒီဇာတ်ကားတွင် သွေးသံရဲရဲ အသတ်အဖြတ် အခန်းများနှင့် လူကြီးကြည့် အခန်းအချို့ ပါဝင်သဖြင့် မိသားစုဝင်များ၊ ကလေးငယ်များနှင့်အတူ ကြည့်ရှုရန် လုံးဝ မသင့်တော်ပါကြောင်း ကြိုတင်သတိပေးပါရစေ..) ဒီကားဟာ ၂၀၂၆ ခုနှစ် ဧပြီလပိုင်းကမှ Digital Platform တွေမှာ ထွက်ရှိထားတဲ့ ဩစတြေးလျ သွေးထွက်သံယို ထိတ်လန့်စရာ (Slasher Horror) ရုပ်ရှင်ကားသစ်တစ်ကား ဖြစ်ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေက ခေတ်စားခဲ့တဲ့ ဗီဒီယိုခေတ် သွေးစွန်းစလတ်ရှာ (Retro Slasher) ပုံစံမျိုးကို ရိုးရာမပျက် ပြန်လည်အသက်သွင်း ရိုက်ကူးထားတာပါ။ ဇာတ်လမ်းက ဆစ်ဒနီမြို့က ကြီးမားပြီး သမိုင်းကြောင်းနက်နဲတဲ့ အိမ်ကြီးတစ်အိမ်ကနေ စတင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက အဲဒီအိမ်မှာ အမျိုးသမီးတစ်ယောက်ဟာ ထူးဆန်းတဲ့ ရော်ဘာမျက်နှာဖုံးစွပ်ထားတဲ့ လူသတ်သမားတစ်ယောက်ရဲ့ ရက်ရက်စက်စက်လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း အိမ်ပိုင်ရှင်ဖြစ်သူ ဗစ်တိုးရီးယား (Miss Victoria) ဟာ အိမ်လခကြွေးမြီတွေ တက်လာတာကြောင့် ဒီအိမ်ကြီးကို နိုင်ငံခြားကျောင်းသားတွေ တည်းခိုဖို့ "Red Rabbit Lodge" ဆိုတဲ့ အမည်နဲ့ အဆောင်အဖြစ် ပြောင်းလဲငှားရမ်းခဲ့ပါတယ်။ ပစ္စုပ္ပန်ကာလမှာတော့ မိမိရဲ့ စိတ်ဒဏ်ရာရစရာ အတိတ်တွေကို မေ့ပစ်ချင်လို့ လာရောက်အခြေချတဲ့မိန်းကလေး အက်ဘီဂေးလ် (Abigail) အပါအဝင် နိုင်ငံခြားသားကျောင်းသားလူငယ်တစ်စုဟာ ဒီအဆောင်ကို ရောက်လာကြပါတယ်။ အဆောင်ပိုင်ရှင် ဗစ်တိုးရီးယားကတော့ အတိတ်က အဖြစ်ဆိုးကြောင့် ကျောင်းသားတွေကို အရမ်းတင်းကျပ်တဲ့ အိမ်စည်းကမ်းတွေ ထုတ်ပြန်ထားတာပေါ့။ ဒါပေမဲ့ သွေးကြွနေတဲ့ လူငယ်သဘာဝအတိုင်း သူတို့တွေက စည်းကမ်းတွေကို လုံးဝဂရုမစိုက်ဘဲ အခန်းထဲမှာ ပါတီပွဲတွေလုပ်၊ ကမ်းခြေသွားပြီး အပျော်ကြူးနေကြပါတယ်။ သူတို့ ပျော်ပါးနေတုန်းမှာပဲ သူတို့မသိတာတစ်ခုက အဲဒီ…

You May Also Like