Advertisement
Patriot

Patriot

പേട്രിയറ്റ്

★ 7.4📅 2026⏱ 177 min👥 7 votes
DramaThrillerAction

Director: Mahesh Narayanan

Patriot (2026) မျိုးချစ် သူရဲကောင်း IMDb (6.6/10) ဒါရိုက်တာ Mahesh Narayanan ရိုက်ကူးပြီး ၂၀၂၆ ခုနှစ် မေလမှာ ရုံတင်ပြသခဲ့တဲ့ Patriot ဟာ အိန္ဒိယရဲ့ ထိပ်တန်းမင်းသားကြီးနှစ်လက်ဖြစ်တဲ့ Mammootty နဲ့ Mohanlal တို့ကို ၁၇ နှစ်အကြာမှာ တစ်ကျော့ပြန် အတူတူမြင်တွေ့ရမယ့် မလေးယာလမ် နိုင်ငံရေးနဲ့ သူလျှိုအက်ရှင် ကားပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကြီးမင်းသား Fahadh Faasil လည်း အဓိကဗီလိန်နေရာကနေ ပါဝင်အားဖြည့်ထားပါတယ်။အိန္ဒိယ ကာကွယ်ရေးသုတေသနအဖွဲ့ (Defence Research Wing) က ပညာရှင် ဒေါက်တာဒန်နီရယ် ဂျိမ်းစ် ကို ဝန်ကြီးချုပ်ဟောင်း နာလီနီ က အရပ်သားတွေအပေါ် တရားမဝင် အသုံးချနေတဲ့ "Periscope" စောင့်ကြည့်ရေးဆော့ဖ်ဝဲအကြောင်း လျှို့ဝှက်စုံစမ်းဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။ ဒီဆော့ဖ်ဝဲကို ပြည်ထောင်စုဝန်ကြီး JP ဆန်ဒရမ် နဲ့ သူ့ရဲ့သားဖြစ်သူ နည်းပညာလုပ်ငန်းရှင် ရှက်တီ တို့က ပူးပေါင်းပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးပမ်းနေကြတာပါ။ ဒါပေမဲ့ စုံစမ်းစစ်ဆေးမှု မပြီးခင်မှာပဲ ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံလိုက်ရပြီး ဒန်နီရယ် ကိုယ်တိုင်လည်း အစိုးရရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံရပါတော့တယ်။ သူဟာ ယူကေ (UK) ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အဲဒီနေရာကနေ ဗီမာသန် ဆိုတဲ့ အမည်ဝှက်နဲ့ Vlog တစ်ခုဖွင့်ကာ အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ အစိုးရက သူ့ကို တိုင်းပြည်သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး နည်းလမ်းမျိုးစုံနဲ့ လိုက်လံနှိမ်နင်းချိန်မှာပဲ သူ့ရဲ့သူငယ်ချင်းဟောင်းကြီး ရာဟင်မ် က ဒန်နီရယ်ဘက်ကနေ မမျှော်လင့်ဘဲ ပါဝင်ကူညီပေးလာပြီး သတင်းအချက်အလက် နည်းပညာအင်ပါယာကြီးကို အတူတူ တိုက်ဖျက်ကြတဲ့အခါ.....။ဒီဇာတ်ကားဟာ ရိုးရိုးရှင်းရှင်း ရိုက်ကူးထားတဲ့ မဆလာအက်ရှင်ကားမျိုး မဟုတ်ဘဲ လက်ရှိခေတ်ကာလရဲ့ ဒီဂျစ်တယ်လုံခြုံရေး ပြဿနာတွေကို ထိထိမိမိ မီးမောင်းထိုးပြထားတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအသားပေး စပိုင် thriller ဇာတ်ကားတွေကို သဘောကျတဲ့သူတွေအတွက် လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ကားတစ်ကား ဖြစ်လို့ကြည့်ရှုခံစားလိုက်ကြပါဦး။ File size… 2.41 GB / 1.29 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 57m Subtitle….Myanmar Subtitle (Hard Sub)
Advertisement

Download Links

WEB-DL1080p2.41 GB
WEB-DL720p1.29 GB
Advertisement