Accident (2009)

Accident

Genres: Drama · Thriller · Action

လူတစ်ယောက်သေဆုံးသွားတဲ့အခါ အဲဒါဟာ တကယ့်မတော်တဆမှုလား၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်က မတော်တဆမှုတစ်ခုလို ပုံဖော်ဖန်တီးထားတဲ့ လူသတ်မှုလား။ အမှန်တရားနဲ့ ထင်ယောင်ထင်မှားမှုတွေကြားမှာ စိတ်ပိုင်းဆိုင်ရာဖိအားတွေ တဖြည်းဖြည်းမြင့်တက်လာစေတဲ့ ဟောင်ကောင် Mystery Thriller ဇာတ်ကားကောင်းလေးကတော့ Accident ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ Soi Cheang က ရိုက်ကူးထားပြီး Louis Koo၊ Richie Jen၊ Stanley Fung နဲ့ Michelle Ye တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရာဇဝတ်မှုတစ်ခုကို အက်ရှင်ခန်းတွေနဲ့သာမက ဇာတ်ကောင်တွေရဲ့ စိတ်အတွင်းပိုင်းက ကြောက်ရွံ့မှုနဲ့ သံသယတွေကိုပါ အဓိကထားဖော်ပြထားတာကြောင့် ပုံမှန် Crime Thriller တွေနဲ့ မတူတဲ့ မှောင်မိုက်ပြီး တင်းမာတဲ့အရသာကို ခံစားရမှာပါ။ ဇာတ်လမ်းအညွှန်း >> Ho Kwok-fai ဟာ လူတွေအမြင်မှာ သာမန်လူတစ်ယောက်လိုပဲ နေထိုင်နေသူတစ်ယောက်ပါ။ ဒါပေမယ့် လျှို့ဝှက်ဘဝမှာတော့ “The Brain” လို့ ခေါ်ကြတဲ့ ပရော်ဖက်ရှင်နယ် လူသတ်သမားတစ်ယောက် ဖြစ်နေပါတယ်။ သူဦးဆောင်တဲ့အဖွဲ့ဟာ လူတွေကို တိုက်ရိုက်သတ်ဖြတ်တာမျိုး မလုပ်ဘဲ သေဆုံးမှုတွေကို မတော်တဆမှုတစ်ခုလို မြင်ရအောင် အလွန်သေသပ်စွာ စီစဉ်လုပ်ဆောင်ကြပါတယ်။တစ်ခါတလေ လျှပ်စစ်ဓာတ်လိုက်ခြင်း၊ ကားတိုက်မှု၊ အဆောက်အအုံပေါ်က ပြုတ်ကျခြင်းနဲ့ သဘာဝအခြေအနေတွေကို အသုံးချပြီး သူတို့ရဲ့ပစ်မှတ်ကို အဆုံးသတ်ကြပါတယ်။ အပြင်ပန်းမှာတော့ ဘယ်သူမှ သံသယမဝင်နိုင်တဲ့ မတော်တဆမှုတစ်ခုလိုပဲ မြင်ရပေမယ့် အဲဒီနောက်ကွယ်မှာတော့ အချိန်ကိုက်တွက်ချက်ထားတဲ့ အစီအစဉ်တွေနဲ့ အသက်အန္တရာယ်များတဲ့ လုပ်ဆောင်ချက်တွေ ရှိနေပါတယ်။ တစ်နေ့မှာ The Brain နဲ့ သူ့အဖွဲ့ဟာ အလုပ်တစ်ခုကို လုပ်ဆောင်နေစဉ် မမျှော်လင့်ထားတဲ့ ကားမတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် သူ့အဖွဲ့ထဲက လူတစ်ယောက် သေဆုံးသွားပြီး မသေခင်မှ…

You May Also Like