The Eagle Has Landed (1976)

Genres: Drama · Thriller · Adventure · Action · War
ဒုတိယ ကမ္ဘာစစ် နောက်ခံ စပိုင်နဲ့ စစ်ပွဲအက်ရှင် (WWII Espionage / Action Thriller) ဇာတ်ကားကောင်းတွေကို နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ဒီနေ့မှာတော့ ၁၉၇၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂန္ထဝင် ဇာတ်ကားကြီး "The Eagle Has Landed (၁၉၇၆)" ကို တင်ဆက် ပေးချင်ပါတယ်။ စာရေးဆရာကြီး Jack Higgins ရဲ့ ကမ္ဘာကျော် Bestseller ဝတ္ထုကို The Magnificent Seven နဲ့ The Great Escape တို့လို ကမ္ဘာကျော် ဇာတ်ကားကြီးတွေရဲ့ ဒါရိုက်တာကြီး John Sturges က ရိုက်ကူးပုံဖော်ထားပြီး၊ ဝါရင့်မင်းသားကြီးတွေဖြစ်ကြတဲ့ Michael Caine၊ Donald Sutherland နဲ့ Robert Duvall တို့ အပြိုင်အဆိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ စစ်ပွဲအက်ရှင် ကားကောင်းကြီးတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းဟာ ၁၉၄၃ ခုနှစ်၊ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတို့ စစ်ရှုံးစပြုလာတဲ့ အချိန်မှာ စတင်ပါတယ်။ အာဏာရှင် ဟစ်တလာဟာ အီတလီအာဏာရှင် မူဆိုလီနီကို ဂျာမန်လေထီးတပ်ဖွဲ့တွေက အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့တဲ့ ဖြစ်ရပ်ကို အားကျပြီး၊ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန် ချာချီ ကိုလည်း အင်္ဂလန်မြေပေါ်ကနေ ပြန်ပေးဆွဲဖမ်းဆီးပြီး ဘာလင်မြို့ကို ခေါ်ဆောင်လာဖို့ စိတ်ကူးယဉ်ဆန်တဲ့ အမိန့်တစ်ခု ပေးလာပါတယ်။ ဂျာမန် စစ်ထောက်လှမ်းရေးအဖွဲ့ (Abwehr) ရဲ့ အရာရှိ ဗိုလ်မှူးကြီး မက်စ် ရာဒယ်လ် က ဒီအစီအစဉ်ကို လက်တွေ့ဖြစ်နိုင်ခြေ ရှိမရှိ စုံစမ်းရင်းနဲ့၊ ဝန်ကြီးချုပ် ချာချီဟာ အင်္ဂလန် အရှေ့ဘက်ကမ်းခြေနားက စတဒ်လေ ကွန်စတေဘယ် လို့ခေါ်တဲ့ တိတ်ဆိတ်အေးချမ်းတဲ့ ကျေးလက်ရွာလေးတစ်ရွာကို လာရောက်လည်ပတ်ဖို့ ရှိတယ်ဆိုတဲ့ လျှို့ဝှက်သူလျှိုသတင်းကို ရရှိသွားပါတယ်။ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး SS အဖွဲ့ချုပ် ဟင်းမလားရဲ့ ခွင့်ပြုချက်နဲ့အတူ လျှို့ဝှက်စစ်ဆင်ရေးကြီးကို စတင်ပါတော့တယ်။ ဒီအသေခံ စစ်ဆင်ရေးကို ဦးဆောင်ဖို့ ရွေးချယ်ခံရသူကတော့ ဂျူးမိန်းကလေ…