Obsession (2026)

Obsession

Genres: Horror · Thriller

Obsession (2026) 4K HEVC IMDb Rating (8.1) / Rotten Tomatoes (94%) ၂၀၂၅ ခုနှစ်ရဲ့ အဟော့ဆုံးနဲ့ အကြမ်းဆုံး Horror ကားကို ပြပါဆိုရင်တော့ ဒါရိုက်တာ Curry Barker ရိုက်ကူးထားတဲ့ "Obsession" ကိုပဲ ပြရမှာပါ။ ဒီကားက ဘတ်ဂျက်နည်းနည်းလေးနဲ့ ရိုက်ထားတာဆိုပေမဲ့ တကယ့်ကို အောင်မြင်မှုတွေ အများကြီး ရထားတဲ့ကားဆိုတော့ ရုပ်ရှင်ချစ်သူတွေ ကြည့်ကိုကြည့်သင့်တဲ့ကားစာရင်းထဲမှာ ပါပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းလေးက ဘယ်လိုလဲဆိုတော့... အဓိက ဇာတ်ကောင် "Bear" (Michael Johnston) က သူ့ရဲ့ ငယ်သူငယ်ချင်း ကောင်မလေး "Nikki" (Inde Navarrette) ကို ကြိတ်ကြိုက်နေတာပါ။ တစ်ရက်ကျတော့ Bear က ဆိုင်တစ်ဆိုင်ကနေ 'One Wish Willow' လို့ခေါ်တဲ့ ဆုတောင်းပြည့် အဆောင်လေးတစ်ခုကို ဝယ်လာခဲ့တယ်။ အဲဒီသစ်ကိုင်းကို ချိုးပြီး ဆုတောင်းရင် တစ်ယောက်ကို ဆုတစ်ခါ တောင်းလို့ရတယ်ဆိုတော့ကာ... Bear က "Nikki တစ်ယောက် ငါ့ကို ကမ္ဘာပေါ်မှာ အချစ်ဆုံးဖြစ်ပါစေ" ဆိုပြီး ဆုတောင်းလိုက်ရော။ ဆုတောင်းပြည့်သွားလားဆိုတော့ ချက်ချင်းကို ပြည့်သွားပါတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီဆုတောင်းရဲ့ အကျိုးဆက်က တော်တော်လေးကို ကြောက်စရာကောင်းပြီး ဆိုးရွားလွန်းနေတာပါပဲ။ Nikki ရဲ့ အပြုအမူတွေက သာမန်မဟုတ်တော့ဘဲ ကြောက်စရာကောင်းတဲ့ အရာတစ်ခုခုက သူ့ကို ခြယ်လှယ်နေသလိုမျိုး ဖြစ်လာတဲ့အခါ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမယ့် Supernatural Horror နဲ့ Dark Comedy ရောထားတဲ့ ကားလေးပါ။ ဘတ်ဂျက်က ဒေါ်လာ ၇ သိန်းခွဲ ကနေ ၁ သန်း ဝန်းကျင်လောက်ပဲ သုံးထားတာပါ။ ဒါပေမဲ့ ရုံတင်တဲ့အခါမှာတော့ ရုံဝင်ငွေ ဒေါ်လာ ၁၉၄ သန်းကျော်အထိ ရသွားပြီး Focus Features ကုမ္ပဏီ သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံး စံချိန်တင်ကားကြီး (Downton Abbey ကိုပါ ကျော်သွားတာ) ဖြစ်သွားပါတယ်။ တိုရွန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော် (TIFF) မှာ…

You May Also Like