Nightmare (2000)

Nightmare

Genres: Horror · Thriller

Nightmare (2000) ********************* ပရိသတ်ကြီးတို့အတွက် 2000 ခုနှစ်က Horror Movie ကားကောင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ (သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့် အသက်မပြည့်သေးသောသူများ ကြည့်ရှုရန်မသင့်တော်ပါ) Cast တွေအနေနဲ့ကတော့ Secret Garden, Empress Ki စတဲ့ကားတွေထဲက မင်းသမီး Ha Ji-Won ၊ Money Heist ထဲမှာ ပါမောက္ခအဖြစ် ပါဝင်ခဲ့တဲ့ Yoo Ji-Tae ၊ The Uncanny Counter, Alchemy Of Souls မှ မင်းသားကြီး Yu Jun-Sang တို့အပြင် Kim Gyu-Ri ၊ Choi Jung-Yoon ၊ Jung Joon တို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း *************** စိတ်ပညာမေဂျာယူထားတဲ့ ဟယ်ဂျင်းက တက္ကသိုလ်စာမေးပွဲအတွက် ပြင်ဆင်နေတုန်းမှာပဲ တစ်နေ့မှာတော့ အဆက်အသွယ်ပြတ်နေခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ဆွန်းအယ် ပြန်ရောက်လာတာကြောင့် ဝမ်းသာနေခဲ့ပြီး ဆွန်းအယ်ရဲ့ တစ်ခုခုကို ကြောက်ရွံ့နေသလိုမျိုး ပြောင်းလဲသွားတဲ့ပုံစံကိုလည်းအတော့်ကို အံ့အားသင့်မိနေပါတော့တယ်။ ဒါ့အပြင် ဆွန်းအယ်ဆီက ကြားလိုက်ရတဲ့ သေသွားပြီဖြစ်တဲ့ "ဂယောင်းအာက ငါ့နောက်လိုက်နေတယ်" ဆိုတဲ့ စကားကြောင့်ပဲ တက္ကသိုလ် ကလပ်ဖွဲ့တုန်းက အဖွဲ့ဝင်သူငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့ မီယောင်း , ဂျောင်အု, ဆယ်ဟွန်း, ဟျွန်းဂျွန်း တို့နဲ့ ပြန်လည်ဆုံတွေ့ဖြစ်ခဲ့ပြီးနောက် သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရလာတဲ့ အခါမှာတော့.... သတ်သေသွားတဲ့ ဂယောင်းအာက တကယ်ပဲ လိုက်သတ်နေတာဖြစ်မလား.... ဂယောင်းအာကရော ဘာကြောင့် သတ်သေသွားတာဖြစ်မလဲ.... သူတို့တစ်ယောက်ချင်းစီမှာရော မသိနိုင်တဲ့ ဘယ်လို လျှို့ဝှက်ချက်တွေရှိနေမလဲ .... နောက်ဆုံးမှာ အသက်ရှင်ကျန်ရစ်နိုင်တဲ့လူရော ရှိပါ့မလား...ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်တဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ ကွာလတီအမိုက်စားနဲ့ တင်ဆက်ပေးလိုက်ရပါတယ် File Size - 2.11 GB/ 807 MB Quality -…

You May Also Like