Marrow (2026)

Genres: Horror
Marrow (2026) အင်တာနက်ပေါ်မှာ လူကြိုက်နည်းလာပြီး View များနှင့် Subscriber များ ကျဆင်းလာတဲ့ True Crime ဗလော့ဂါတစ်ဦးဖြစ်သူ ဂျေမီဟာ သူမရဲ့ ရေပန်းစားမှုကို ပြန်လည်ရရှိဖို့ မကင်းရာမကင်းကြောင်း နည်းလမ်းများကို ရှာဖွေလာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူမဟာ မသင်္ကာဖွယ်ရာ အမျိုးသားတစ်ဦးထံမှ ကမ်းလှမ်းမှုတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ လွန်ခဲ့သည့်နှစ်တွေက သဲလွန်စမကျန် ပျောက်ဆုံးသွားခဲ့တဲ့ နာမည်ကြီး အင်တာနက်ဆယ်လီ ၄ ဦးရဲ့ နောက်ကွယ်မှ အမှောင်အတိဖုံးနေသော လျှို့ဝှက်ချက်များကို သိထားသူပဲဖြစ်ပါတယ်။ ဂျေမီဟာ ရုပ်သံကြည့်ရှုသူ အရေအတွက်ကို ပြန်လည်ဆွဲတင်ဖို့အတွက် ထိုလျှို့ဝှက်ဆန်းကြယ် အမျိုးသားကို သူမရဲ့တိုက်ရိုက်ထုတ်လွှင့်မှု Showကို ဖိတ်ခေါ်ပြီး အင်တာဗျူးရန် ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်မှု စတင်တာနဲ့အမျှ ဂျေမီမျှော်လင့်ထားတာထက် ပိုမိုဆိုးရွားဆန်းကြယ်သည့် လျှို့ဝှက်ချက်များ ထွက်ပေါ်လာပြီး၊ သူမကိုယ်တိုင်လည်း သည်းထိတ်ရင်ဖို စက်ဆုပ်ဖွယ် ထောင်ချောက်တစ်ခုအတွင်းသို့ ကျရောက်သွားရသောအခါ... File Size - 1.6 GB/ 445 MB Quality - WEB-DL 1080p/ 720p Duration - 1h 34m Format - mp4 Genre - Horror Subtitle - Myanmar Subtitle (Hard Sub)