Lady in the Urn (2025)

Lady in the Urn

Genres: Horror · Thriller

Lady in the Urn (2025) ဒီကားကတော့ Psychological Horror နဲ့ Supernatural Thriller ကို ရောစပ်ထားတဲ့ သွေးပျက်စရာ အင်ဒီ (Indie) ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းက ဘယ်လိုစလဲဆိုတော့ ရှာရွန် (Sharon) နဲ့ နစ်ဗ် (Niv) ဆိုတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ ရှာရွန်ရဲ့ အမေဈာပနကနေ အိမ်ကို ပြန်လာကြပါတယ်။ အိမ်ပြန်လာတော့ ကွယ်လွန်သူ အမေဖြစ်သူရဲ့ အရိုးပြာအိုးကိုပါ အိမ်ကို တစ်ပါတည်း သယ်လာခဲ့ကြတာပေါ့။ ဒါပေမဲ့ အဲဒီအရိုးပြာအိုးကို အိမ်ထဲသယ်လာပြီး သိပ်မကြာခင်မှာပဲ သူတို့အိမ်မှာ မထင်မှတ်ထားတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဆက်တိုက်ဆိုသလို စဖြစ်လာတော့တယ်။ တစ်နေ့တော့ အိမ်နီးချင်းဖြစ်တဲ့ သောမတ်စ် (Thomas) က သူတို့လင်မယားအိမ်မှာမရှိတုန်း ပြတင်းပေါက်ကနေ ကြည့်လိုက်တဲ့အခါ အိမ်ထဲက ကုလားထိုင်ပေါ်မှာ လူတစ်ယောက် ထိုင်နေတာကို မြင်လိုက်ရတယ်ဆိုပြီး လာပြောတယ်။ နောက်ပိုင်းမှာတော့ အိမ်ထဲမှာ ရှင်းပြလို့မရတဲ့ အသံတွေကြားရတာ၊ ပစ္စည်းတွေ ရွေ့တာတွေအပြင် ရှာရွန်ကိုယ်တိုင်ကလည်း တဖြည်းဖြည်းနဲ့ ဂယောက်ဂယက်တွေ ဖြစ်လာတယ်။ ရှာရွန်က သူ့အမေရဲ့ ဝိညာဉ်က သူတို့နဲ့အတူ အိမ်ကို လိုက်လာတယ်လို့ အခိုင်အမာ ယုံကြည်နေပြီး အရိုးပြာတွေကို သွားကြဲဖို့ကိုလည်း လုံးဝ လက်မခံတော့ဘူး။ ဒါပေမဲ့ တကယ့်ပြဿနာက အဲဒီအရိုးပြာအိုးထဲမှာ ပါလာတာ သူ့အမေရဲ့ ဝိညာဉ်တစ်ခုတည်း မဟုတ်နေဘူး။ အဲဒီအရိုးပြာအိုးက မဖြေရှင်းရသေးတဲ့ လူသတ်မှုတစ်ခု၊ ကလဲ့စားချေချင်နေတဲ့ တခြား ဝိညာဉ်ဆိုးတစ်ခု၊ ပြီးတော့ အိမ်နီးချင်းတစ်ယောက်ရဲ့ သေရေးရှင်ရေး လျှို့ဝှက်ချက်တစ်ခုနဲ့ပါ သွားဆက်စပ်နေတာကို ထိတ်လန့်ဖွယ် တွေ့လာရပါတယ်။ ရှာရွန်ရဲ့ အခြေအနေတွေ အရမ်းဆိုးလာတဲ့အခါမှာတော့ ယောကျာ်းဖြစ်သူ နစ်ဗ်နဲ့ သူ့သူငယ်ချင်း အက်ရှ် (Ash) တို့က ဒါဟာ သာမန်မိသားစုဝိညာဉ် အိမ်ကိုလိုက်လာတာ မဟုတ်ဘူးဆိုတာကို ရိပ်မိသွားပြီး ဝိညာဉ်နှင်ထုတ်ဖို့…

You May Also Like