District 9 (2009)

District 9

Genres: Science Fiction

District 9 (2009) IMDb Rating (7.9) / Rotten Tomatoes (90%) ဒီကားက တခြားဂြိုလ်သားကားတွေနဲ့ လုံးဝကိုကွဲထွက်သွားတဲ့ကားဖြစ်ပါတယ်။ အစပိုင်းပဲကြည့်ရင်တော့ ပျင်းမှာမှန်ပေမယ့် ၁၅ မိနစ်လောက်ပဲစိတ်ရှည်ရှည်ကြည့်လိုက်ပါ။ ဒီဇာတ်ကားရဲ့အရှိန်က ဇာတ်လမ်းပြီးတဲ့အထိကိုရိုးရိုးလေးနဲ့ တီဗွီရှေ့ကနေထမရအောင်ကိုဆွဲဆောင်သွားမယ်ဆိုတာ အသေချာပြောရဲပါတယ်။ ဒီကားကို ဂြိုလ်သားပါတဲ့ ဇာတ်လမ်းလို့သာ သိထားပြီးtrailer တွေ၊ rating တွေ မသိဘဲနဲ့ ကြည့်ဖြစ်ခဲ့တာပါ။ နောက်မှ Imdb 8 နဲ့ RT 90% တောင် ရထားတဲ့ ဇာတ်ကားမှန်းသိပါတယ်။ တကယ်လည်း ထိုက်တန်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဂြိုဟ်သားတွေ ကမ္ဘာကို သူတို့ရဲ့ အာကာသယာဉ် တစ်ခုခုချို့ယွင်းပြီး ရောက်ရှိလာတာပါ။ တောင်အာဖရိက ရဲ့ Johannesburg မြို့ ကောင်းကင်ပေါ်မှာအချိန်အတော်အကြာ လှုပ်ရှားမှု မရှိဘဲ ရပ်တန့်နေခဲ့တယ်။ ဒါကြောင့် လူသားတွေကို ယာဉ်ထဲကို ဖောက်ထွင်း စစ်ဆေးဖို့ သွားကြတယ်။ အဲဒီမှာတော့ အစာရေစာ ငတ်မွတ်နေတဲ့ ဂြိုဟ်သား အများကြီးကို တွေ့ရပါတော့တယ်။ သုံးသပ်ချက်အရ အခုတွေ့ရတဲ့ ဂြိုဟ်သားတွေဟာ လုပ်သားအမျိုးအစားတွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ခေါင်းဆောင် ဂြိုဟ်သားတွေကတော့ ထူးဆန်းစွာ ပျောက်ဆုံးနေပါတယ်။ အဲဒီလိုနဲ့ သူတို့ကို ခိုလှုံခွင့် ပြုခဲ့တာ နှစ် ၂၀ ကျော်တောင် ကြာသွားခဲ့တယ်။ သူတို့ရဲ့ အရေအတွက်ကလည်း သန်းကျော်ရှိနေပြီ။ ဒေသခံလူတွေနဲ့လည်း ပရိပက္ခတွေ ဖြစ်တာပေါ့။ ဂြိုလ်သားတွေ ပုံစံကလည်း လူတွေနဲ့ တည့်အောင် မပေါင်းတတ်ကြဘူး။ သူတို့ဖာသာ စားစရာမရှိရင် အမှိုက်ပုံက ရှာစားတယ်။ ကြောင်စာ အရမ်းကြိုက်တယ်။ လူတွေနဲ့ နားလည်အောင်တော့ စကားပြောတတ်တယ်။ ဒါပေမဲ့ သူတို့ကြည့်ရတာ လူ့သဘာဝကို လုံးဝနားမလည်ဘူး။ နောက်ဆုံး လူတွေနားမှာ ထားလို့ မဖြစ်တဲ့အတွက် သူတို့ကို လူတွေနဲ့ ဝေးရာပို့ဖို့ လုပ်ကြရတာပေါ့။ အဲဒါကို MNU ဆိုတဲ့ အဖွဲ့အစည…

You May Also Like