Model Citizen (2026)

Genres: Thriller · Crime · Science Fiction
Model Citizen (2026) စတီဗင်ဘေးဟာ အတိတ်မေ့ရောဂါခံစားနေရတဲ့ ရဲတစ်ယောက်ဖြစ်ပြီးလူသူဝေးလံတဲ့လယ်တောတစ်ခုမှာအလုပ်လုပ်ရင်းဘ၀ကိုဖြတ်သန်းနေပါတယ်။ ဒါပေမယ့် အတိတ်ရဲ့လွှမ်းမိုးမှုကြောင့် ရက်ရက်စက်စက်သေဆုံးနေရတယ်ဆိုတဲ့ အိမ်မက်ဆိုးတွေ၊ မှတ်ဉာဏ်အပိုင်းအစတွေကြောင့် စိတ်ခြောက်ခြားနေပြီး ဆေးကုသမှုခံယူနေရပါတယ်။ အဲ့ဒါတွေအပြင် လယ်တောတစ်ခုလုံးကိုလျှို့ဝှက်ကင်မရာတွေနဲ့အမြဲစောင့်ကြည့်ခံနေရပြီး မူမမှန်တဲ့အခြေအနေတွေကိုရိပ်စားမိလာတဲ့အခါ သူ့ပတ်ဝန်းကျင်က လူတွေရဲ့စိတ်ချယုံကြည်ရမှုနဲ့စစ်မှန်မှုတွေကိုပါ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ အဲ့ဒါတွေရဲ့နောက်ကွယ်က အမှန်တရားကိုစုံစမ်းရင်းက အစိုးရရဲ့ကြောက်စရာ မဟာစီမံကိန်းကြီးတစ်ခုကိုရှာဖွေဖော်ထုတ်မိသွားပြီး သူဟာ အဲ့ဒီစီမံကိန်းရဲ့အစမ်းသပ်ခံတစ်ယောက်ဖြစ်တယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့..။ Aaron Eckhart ခေါင်းဆောင်ပါဝင်ထားပြီး မလိုအပ်တဲ့ အပိုဆာဒါးတွေ Subplots တွေမပါဝင်ပဲတောက်လျှောက်ကျစ်ကျစ်လျစ်လျစ်နဲ့မူလဇာတ်အိမ်ကိုပဲတောက်လျှောက်အာရုံစိုက်သွားပါတယ်။ Aaron Eckhart ကလည်းAction Thriiler တွေနဲ့အသားကျနေကျ မင်းသားပီပီဟန်ရေးပြမနေပဲ စိတ်ကစဉ့်ကလျားဖြစ်ပြီး အရာရာကိုသံသယဝင်နေတဲ့ဇာတ်ရုပ်ကို သဘာ၀ကျကျပီပြင်စွာပုံဖော်ထားနိုင်ပါတယ်။ အစကနေအဆုံးထိ သိချင်စိတ်ကိုဆွဲခေါ်ယူသွားနိုင်မယ့်Action Thriiler ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.3 GB) / (850 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime,Science Fiction,Thriller Duration…. 01:33:59 Subtitle…. Myanmar Subtitle (Hardsub)