Redemptions (2026)

Genres: Drama · Thriller · Crime
Redemptions (2026) "တစ်ခါတုန်းက အမှောင်လောကထဲမှာ အသက်ရှင်ခဲ့သူတစ်ယောက်ဟာ အတိတ်ကို ချန်ထားပြီး ငြိမ်းချမ်းစွာ နေထိုင်နိုင်ပါ့မလား။ ဒါမှမဟုတ် အတိတ်က အမှားတွေက သူ့ဘဝနောက်ကို အမြဲတမ်း လိုက်လာနေဦးမှာလား" အကြမ်းဖက်မှုတွေနဲ့ ဝေးရာမှာ အေးအေးချမ်းချမ်း နေထိုင်ဖို ကြိုးစားနေတဲ့ "မာဆယ်"ဆိုတဲ့ အငြိမ်းစား လူသတ်သမားတစ်ယောက်ဟာ မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုကြောင့် Montreal မြိုမှာ လူနှစ်ယောက်ကို သတ်ဖြတ်ပေးဖို တာဝန်တစ်ခုကို လက်ခံလိုက်ရပါတယ် ဒါပေမဲ့ သူ့ရဲ့ လုပ်ရပ်တစ်ခုဟာ သူထင်ထားသလို ရိုးရှင်းတဲ့ ကိစ္စတစ်ခုမဟုတ်ခဲ့ပါဘူး။ သူမသိလိုက်ဘဲ စတင်လိုက်မိတဲ့ အဖြစ်အပျက်တွေရဲ့ အကျိုးဆက်တွေဟာ အဝေးက Paris မြိုအထိ ရောက်ရှိသွားပြီး သူ့ရဲ့ တစ်ဦးတည်းသော သမီးဖြစ်သူရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာပါတော့တယ် အဲဒီအချိန်မှာ မာဆယ် တစ်ယောက် ရင်ဆိုင်ရမှာက ရန်သူတွေရဲ့ အန္တရာယ်တင်မကတော့ပါဘူး။ သူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ အတိတ်ကလမ်းကြောင်းတွေနဲ့ မိသားစုကို ကာကွယ်ပေးချင်တဲ့ ဖခင်တစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကြားက ပဋိပက္ခတွေရောပဲ ဖြစ်ပါတယ် အတိတ်က သွေးကြွေးတွေကို ဆေးကြောဖို ကြိုးစားရင်း အချစ်ရဆုံး သမီးလေးရဲ့ အသက်ကိုပါ လောင်းကြေးထပ်လိုက်ရတဲ့အခါ… အဖေတစ်ယောက်ရဲ့ နောက်ဆုံးပေးဆပ်မှုက ဘာဖြစ်လာမလဲဆိုတာ .... အတိတ်၊ အပြစ်နဲ့ မိသားစုအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတိုကို ရောနှောတင်ဆက်ထားတဲ့ Crime Thriller ဇာတ်ကားကောင်းလေးမို ကိုယ်တိုင်ပဲ ခံစားကြည့်ရှုလိုက်ကြရအောင် File Size : 1.3 GB/ 800 MB Quality : WEB-DL 1080p/ 720p Format : mp4,mkv Duration : 1hr 55m Genre : Drama, Crime, Drama Subtitle : Myanmar Subtitle (Hard Sub)