KILL/SAVE (2026)

Genres: Action · Science Fiction
KILL/SAVE (2026) KILL/SAVEဇာတ်ကားဟာ နည်းပညာနှင့် လူသားတို့ရဲ့ လွတ်လပ်ခွင့်၊ virtual ကမ္ဘာ၏ အန္တရာယ်များကို သိပ္ပံနည်းကျ ရိုက်ကူးပြသထားတဲ့အပြင် အက်ရှင်ဆာလောင်နေသူများအတွက် လက်မလွှတ်သင့်သော ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်..... ၂၀၄၅ ခုနှစ်... Megacity ရဲ့ မှောင်မိုက်တဲ့ စောင့်ကြည့်ထိန်းချုပ်မှု ကွန်ရက်အောက်မှာ နည်းပညာနဲ့ တိုက်ပွဲတွေ ပေါင်းစပ်ထားတဲ့ သေမင်းတမန် ကစားကွင်းတစ်ခု ရှိနေပါတယ်။ မာတင်ဆိုတဲ့ ကျွမ်းကျင် Programmer တစ်ယောက်ဟာ Darknet ရဲ့ ဒစ်ဂျစ်တယ် ကမ္ဘာထဲမှာ ရုတ်တရက် ပျောက်ကွယ်သွားတဲ့ Streamer ကောင်မလေး ထရီဆာကို ကယ်ထုတ်ဖို့အတွက် အန္တရာယ်များလှတဲ့ Virtual Survival Game ထဲကို ကိုယ်တိုင် ဆင်းသက်ခဲ့ပါတယ်။ ဒီကစားကွင်းရဲ့ ဆိုးရွားတဲ့ စည်းမျဉ်းတစ်ခုကတော့ "Virtual ကမ္ဘာထဲက နာကျင်မှုနဲ့ သေဆုံးမှုတိုင်းဟာ ပြင်ပလက်တွေ့ဘဝထဲမှာပါ အသက်ပျောက်စေတယ်" ဆိုတာပါပဲ။ Martin တစ်ယောက် Virtual ပတ်ဝန်းကျင်ထဲက ရက်စက်လှတဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ ရန်သူတွေကို ရင်ဆိုင်ရင်း Teresa ကို ကယ်တင်ပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်မလား ဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်...... File Size - 1.1 GB/ 522 MB Quality - WEB-DL 1080p/ 720p Duration - 1h 34m Format - mp4 Genre - Action, Sci-Fi Subtitle - Myanmar Subtitle (Hard Sub)